part-24 [ Z+U ]

7.1K 725 26
                                    

Unicode

လမ်းမထက်ခေါင်းငိုက်စိုက်ကာလမ်းလျှောက်လာသောလူတစ်ယောက် ဖိနပ်ဟာလည်းကျွဲတစ်ဖက်နွားတစ်ဖက်အကျႌချိုင်းပြတ်ဘောင်းဘီတိုနဲ့ဆံပင်တွေဟာလည်းဖွာလန်ကျဲနေတယ် အမှတ်မထင်ကြည့်မိပါကအိမ်ခြေရာမဲ့တစ်ယောက်လို့တောင်အထင်မှားစရာရှိလေသည်။ လမ်းသွားလမ်းလာတွေကထိုလူ့ကိုကြည့်ကြည့်သွားကြပေမယ့်သူကတော့အသည်းကွဲနေသဖြင့်ဘယ်သူ့ကိုမှဂရုမစိုက်နိုင်အား

"ဟင်! နင်.. ဝမ်ရိပေါ်မလား?"

မဟုတ်ဘူးရှောင်းကျန့်လင် စိတ်ညစ်နေပါတယ်ဆိုမှဘာတွေလာမေးနေမှန်းမသိဘူး

ရိပေါ်လမ်းလျှောက်လာရင်းမိန်းကလေးတစ်ယောက်ကသူ့လက်မောင်းကိုထိကာမေးလိုက်တော့ စိတ်တိုပြီးလက်ကိုခါချလိုက်သည်။ ပြီးနောက်ခပ်စူးစူးပြန်ကြည့်လိုက်သည်။ ထိုမိန်းကလေးကဝမ်းသာအားရနဲ့လက်မောင်းကိုဖြန်းခနဲတစ်ချက်ရိုက်လိုက်ပြီးသူမကိုယ်သူမလက်ညိုးထိုးကာ။

"ဟုတ်နေတာပဲ ရိပေါ်ငါလေ မမှတ်မိဘူးလား"

စကားပြောချင်စိတ်ရှိမနေတာကြောင့်ခေါင်းခါပြပြီးကိုယ့်လမ်းကိုသွားဖို့လုပ်တော့မိန်းကလေးကရှေ့ကနေကာလိုက်ပြီး။

"အယ် နေပါအုံး နင်တစ်ကယ်ငါ့ကိုမမှတ်မိဘူးလား ငယ်ပေါင်းတွေကိုတောင်မမှတ်မိတော့ဘူးပေါ့လေ အေးပေါ့လေ..ငါကလည်းငယ်ငယ်ကနဲ့မှမတူတော့ဘဲ နင်မမှတ်မိတာမဆန်းပါဘူး အဟင်း"

အမိဘာတွေပြောနေလဲတစ်ကယ်ကိုမသိတော့ဘူး ဘယ်တုန်းကများငါနဲ့ငယ်ပေါင်းတွေဖြစ်ခဲ့တာလဲ နေအုံးငါနဲ့ငယ်ပေါင်းမိန်းကလေးသူငယ်ချင်းဆိုလို့ ဇီးသီးမ မိန်ဂွာ

"မိန်ဂွာ နင် မိန်ဂွာလား"

"သေလိုက်ပါလား နင်ငါ့ကိုအဲ့နာမည်နဲ့ပဲမှတ်မိတာလား ငါ့နာမည်ကျိုးရှန်ယွီ မသာရဲ့"

ရှန်ယွီကပြောပြီးရိပေါ်ရဲ့လက်မောင်းကိုဖြန်းခနဲရိုက်ချပြန်တယ်။

"ဟား ဟား ဘာကျိုးရှန်ယွီလဲ မိန်ဂွာကမိန်ဂွာပေါ့ ဟား ဟား"

"နင်! သေချင်နေပြီလား!!"

𝑴𝒚 𝒇𝒂𝒓𝒎𝒆𝒓 𝒉𝒖𝒔𝒃𝒂𝒏𝒅 𝑽𝒊𝒍𝒍𝒂𝒈𝒆 𝑴𝒐𝒏𝒆𝒚𝒃𝒂𝒈𝒔(ᴇᴅɪᴛɪɴɢ✔︎)Where stories live. Discover now