Unicode"ပူလိုက်တာ အရမ်းပူတာပဲ"
"ဟုတ်ပါ့ ဆရာရယ်"
နေအရမ်းပူလို့ရှောင်းကျန့်ကငြီးပြောတော့ရှင်းယကလည်းအလိုက်သင့်ပြန်ပြောလေသည်။
ဟုတ်တော့လည်းဟုတ်တယ် အရင်တစ်ခါမိုးရွာပြီးတည်းကနောက်ပိုင်းကိုပူလာလိုက်တာဆိုတာ ငရဲပြည်ကိုလက်မှတ်မပါဘဲအရှင်လတ်လတ်ရောက်နေရသလိုပဲ"ဒါနဲ့ဆရာ"
"အင်း ပြောလေ"
"ဟို... ချန်းကော ညီမကိုစိတ်ဆိုးနေမလားမသိဘူး ကောကိုလွှတ်လိုက်တာကညီမဆိုတော့လေ.."
ရှင်းယကမဝံ့မရဲမေးလေသည်။
ရှောင်းကျန့်ကစိတ်ထဲမှာတော့
အမှန်အတိုင်းဆိုဒီကိစ္စကိုဖန်တီးပေးတာဆရာမမှန်းတောင်မသိရှာပါဘူးဗျာ ကျွန်တော်လုပ်တယ်ပဲထင်နေတာအဲ့အကောင်က မနေ့ကပဲဖုန်းဆက်ပြီးမင်းငါ့ရှေ့ပေါ်လာရဲပေါ်လာကြည့်ငါကိုယ်တိုင်ဆေးထိုးသတ်ပစ်မယ်ဆိုပြီးကျိန်းခဲ့သေးတယ် တွေးရင်းကျောတောင်ချမ်းလာသလိုပဲရှောင်ကျန့်သူ့ကျောကိုမမှီတမှီလှမ်းပုတ်လိုက်ပြီး
"အင်း အဲ့ဒါပဲပြောမလို့ သူတို့နှစ်ယောက်ကိုဝူချန်းရဲ့အမေကဒီအပတ်ထဲမှာပဲလက်ထပ်ပေးတော့မယ်တဲ့လေ"
"ကောလှမ်းပြောလို့သိပြီးပါပြီ ကောကတော့တော်တော်ပျော်နေပုံပဲ ကောအသံနားထောင်ရင်းညီမတောင်ပျော်မိတယ်"
အင်းပါ ကိုယ့်ကြိုက်နေတဲ့လူကိုပြန်မကြိုက်ဘဲအနစ်နာခံပြီးကိုယ့်အစ်ကိုကိုပေးလိုက်တဲ့အစ်မကြီးရယ် fujoshi ပီသပါပေတယ်
"တစ်ခုပဲ ချန်းကောကကောကိုမမုန်းလောက်ပါဘူးနော် သူ့ခမျာမချစ်ဘဲလက်ထပ်ရတော့မှာလေ ပြီးတော့ယောကျ်ားတစ်ယောက်နဲ့"
သူ့အစ်ကိုအမုန်းခံရမှာကိုစိုးရိမ်သွားတော့မျက်နှာကချက်ချင်းငြိုးကျသွားလေသည်။ ရှောင်းကျန့်အရင်ချိန်တွေတောင်သတိရသွားလေသည်။
"မေတ္တာဆိုတာရောင်ပြန်ဟပ်တတ်ပါတယ် ဝူချန်းလည်းတစ်နေ့တော့ ရှင်းပိုင်ကောကိုပြန်ချစ်လာမှာပါ..."
![](https://img.wattpad.com/cover/210836995-288-k195585.jpg)
YOU ARE READING
𝑴𝒚 𝒇𝒂𝒓𝒎𝒆𝒓 𝒉𝒖𝒔𝒃𝒂𝒏𝒅 𝑽𝒊𝒍𝒍𝒂𝒈𝒆 𝑴𝒐𝒏𝒆𝒚𝒃𝒂𝒈𝒔(ᴇᴅɪᴛɪɴɢ✔︎)
Fanfiction𝐖𝐚𝐧𝐠 𝐘𝐢𝐛𝐨 & 𝐗𝐢𝐚𝐨 𝐙𝐡𝐚𝐧♡︎. (𝐘𝐢𝐳𝐡𝐚𝐧 𝐅𝐚𝐧𝐟𝐢𝐜𝐭𝐢𝐨𝐧) 𝚉𝚊𝚠𝚐𝚢𝚒 တွေ့တာနဲ့ရန်တကျက်ကျက်ဖြစ်နေကြတဲ့လူနှစ်ယောက်ဟာ ကံကြမ္မာအရလက်ထပ်ဖို့အကြောင်းဖန်လာသောအခါ... 2ⁿᵈ 7 . 1 . 2020 (start) 5 . 8 . 2020 (end) 𝚄𝚗𝚒𝚌𝚘𝚍𝚎 တွေ့တာနဲ့ရန်...