Zawgyi
ရှောင်ကျန့်ထွက်သွားမှကျန်နေသေးတဲ့ခေါက်ဆွဲပြုတ်ကိုယူပြီး ကုန်အောင်စားပစ်လိုက်တယ်
ပြောမယ့်သာပြောတာ အဖတ်ကသိပ် (တော်တော်ကို) စားမကောင်းပေမယ့် အရည်လေးကတော့မဆိုးဘူး သောက်ကောင်းတယ်
အချစ်ကကျွေးရင်အဆိပ်ဆိုလည်း ကိုယ်စားရဲပါတယ် ဟန်နီ အဲ မဟုတ်ပါဘူး ရှောင်ကျန့်ရယ်..
သေချာတယ် ကောင်လေးရေ...
ကိုယ်တော့မင်းကိုချစ်မိသွားပြီ
ပြီးတော့ကျေးဇူးပဲ မင်းရဲ့ပထမဦးဆုံးလက်ရာကိုစားခွင့်ပေးလို့
ဒီအရသာကို ကိုယ်တော့ ဒီတစ်သက်လုံးဝမေ့နိုင်မယ်မထင်တော့ဘူး(လုံးဝမကောင်းလွန်းလို့)
............
ဆေးခန်းသွားနေတဲ့ ရှောင်ကျန့် ခဏခဏခလုတ်တိုက်နေတယ်
ဘယ်လူမသား ငါ့အကြောင်းကိုပြောနေလဲမသိဘူး
ဆေးခန်းရောက်တော့ရွာအနီးအနားကလူနာတွေကရောက်နေကြပြီ
အားနာလိုက်တာ လူနာတွေကိုစောင့်ခိုင်းရတဲ့ ဆရာဝန်ဖြစ်သွားပြီ
အဲ့ဒါဟိုလူကြီးကြောင့် သောက်မယ့်အရေးကိုမသောက်ဘဲ ပေရှည်နေလို့ အစတည်းကဆေးမတိုက်ဘဲ ဖင်ကိုအပ်နဲ့တစ်ခါတည်းထိုးပေးလိုက်ရမှာစိတ်ထဲကတော့အိမ်ကလူကြီးကိုမျိုးစုံပြောနေပေမယ့် အပြင်မှာတော့ အပြုံးချိုချိုလေးတွေနဲ့ ဆေးကုပေးနေပါသော ဆရာဝန်လေးရှောင်ကျန့်ရယ်ပါ
"ဆရာဝန်လေးက စိတ်ထားအရမ်းကောင်းတာပဲနော်"
လေငန်းတစ်ခါဖြတ်ဖူးထားတဲ့ ရိပေါ်တို့ ဘေးအိမ်ကလူနာအဒေါ်ကြီးကပြောတော့ ရှောင်ကျန့်ပြုံးရုံတင်ပြုံးပြလိုက်တယ်
"တကယ်ပြောတာ ဆရာဝန်လေးကရုပ်လည်းချောတယ် စိတ်ထားလည်းကောင်းတယ် ဒါကြောင့်ဝမ်သူဌေးလေးကသဲသဲလှုပ်ဖြစ်နေတာကို"
"ဗျာ...သူလားသဲသဲလှုပ်ဖြစ်တာ
ကျွန်တော်နဲ့ဆိုဘယ်ခါမှအကောင်းမပြောဘူး အမြဲသတ်နေကြတာ"
YOU ARE READING
𝑴𝒚 𝒇𝒂𝒓𝒎𝒆𝒓 𝒉𝒖𝒔𝒃𝒂𝒏𝒅 𝑽𝒊𝒍𝒍𝒂𝒈𝒆 𝑴𝒐𝒏𝒆𝒚𝒃𝒂𝒈𝒔(ᴇᴅɪᴛɪɴɢ✔︎)
Fanfiction𝐖𝐚𝐧𝐠 𝐘𝐢𝐛𝐨 & 𝐗𝐢𝐚𝐨 𝐙𝐡𝐚𝐧♡︎. (𝐘𝐢𝐳𝐡𝐚𝐧 𝐅𝐚𝐧𝐟𝐢𝐜𝐭𝐢𝐨𝐧) 𝚉𝚊𝚠𝚐𝚢𝚒 တွေ့တာနဲ့ရန်တကျက်ကျက်ဖြစ်နေကြတဲ့လူနှစ်ယောက်ဟာ ကံကြမ္မာအရလက်ထပ်ဖို့အကြောင်းဖန်လာသောအခါ... 2ⁿᵈ 7 . 1 . 2020 (start) 5 . 8 . 2020 (end) 𝚄𝚗𝚒𝚌𝚘𝚍𝚎 တွေ့တာနဲ့ရန်...