ရင်ခုန်သံတွေကသမရိုးကျမဟုတ်လည်း
သမရိုးကျမဟုတ်တာလေးကမင်းဖြစ်နေလို့ ကိုယ့်မှာမြတ်နိုးပိုခဲ့ရတယ်...။By 2017 Namjoon.....
ကော်ဖီတွေကိုတစ်ကိုယ်စာကော်ဖီကြိတ်စက်လေးထဲထည့်ကြိတ်...ပြီးရင်
ရလာတဲ့အမှုန့်တွေကိုကော်ဖီစက်သေးသေးလေးမှာတပ်လိုက်တော့...
ကျလာတဲ့ကော်ဖီရည်တွေနဲ့အတူကော်ဖီနံ့ကခပ်သင်းသင်း....
ကော်ဖီထဲကိုသံပုရာသ်ီးတစ်ခြမ်းညှစ်ထည့်လိုက်သည်။
သူကြိုက်တဲ့ ဘလက်ခ် ကော်ဖီရပြီ...။အဲကွန်းမကြိုက်လို့မတပ်ထားတဲ့အတွက်လှောင်နေသလိုဖြစ်နေတဲ့ အိမ်ထဲကတံခါးတွေကိုလိုက်ဖွင့်လိုက်သည်။
တံခါးကြားထဲမှာညှပ်ထားတဲ့ သတင်းစာလေးကိုပါတစ်ခါတည်းယူလာပြီး အိမ်ထောင့်ကအပင်တွေစိုက်ထားတဲ့နေရာမှာ
ချထားတဲ့တစ်ကိုယ်စာထိုင်ခုံလေးပေါ်မှာ
ထိုင်လိုက်သည်။အနီးကိုအာရုံစိုက်ရတဲ့အလုပ်လုပ်တဲ့သူပေမယ့်
သူကအဝေးမှုန်...အဖေကတော့ပြောဖူးသည်...
အဝေးမှုန်တာသက်သာချင်ရင် အဝေးကလူတွေကိုအမြင်ကြည်အောင်ထားတဲ့..အဝေးမှာရောက်နေတဲ့အမေဆိုတဲ့သူကလွဲပြီး
ကျန်တဲ့သူတွေကိုသူအမြင်ကြည်သားပဲ...အဖေဆုံးတာတောင်တစ်ချက်ရောက်မလာတဲ့ထိုအမျိုးသမီးကို
သူ့မှာနာကြည်းခွင့်ရော မုန်းတီးခွင့်ရောရှိပေမယ့်
သူမမုန်း...
တစ်ယောက်ယောက်ကိုမုန်းတယ်ဆိုတာနဲ့
သူ့မှာစပြီးပူလောင်ရတာပဲမလား...တတ်နိုင်ရင်ဘဝကိုအရိုးရှင်းဆုံးနဲ့အတည်ငြိမ်ဆုံးပဲဖြတ်သန်းသွားချင်သည်။
သတင်းစာဖတ်နေရင်းနဲ့အတွေးဝင်လာလို့
သတင်းစာထိပ်ကရက်စွဲကိုကြည့်လိုက်တော့
စနေနေ့...မနက်ဖြန်ဘုရားကျောင်းသွားရမှာကိုအခုမှသတိထားမိသည်ပဲ...။
နေ့လည်စာစားဖို့တစ်ခုခုချက်ရမည်။
ကော်ဖီခွက်နဲ့သတင်းစာကိုယူပြီး
အိမ်ထဲကိုပြန်ဝင်လာလိုက်သည်။သတင်းစာတွေစုထားတဲ့စာအုပ်စင်ရဲ့ထောင့်လေးမှာ
ဒီနေ့သတင်းစာကိုတင်လိုက်သည်။
YOU ARE READING
သူသိစေ(သူသိစေ)
Romanceရာသီဥတုကဒီချစ်ခြင်းမေတ္တာလေးကိုမူတည်တယ် သူပူရင်ကျွန်တော်ပါပူရပြီး သူအေးရင်ကျွန်တော်ပါအေးချမ်းရတာ... ချစ်ရတဲ့နွေဦးလေးရေ မင်းအပေါ်မှာကိုယ့်ကမ္ဘာကမူတည်ပြီးလည်ပါတယ်။ ရာသီဥတုကဒီချစ်ခြင်းမေတ္တာလေးကိုမူတည်တယ် သူပူရင်ကျွန်တော်ပါပူရပြီး သူအေးရင်ကျွန်တော်ပါအေးချ...