နားရက်တိုင်းNamjoonဆီမှာအချိန်ကုန်တတ်တဲ့Seokjinက
အခုလည်းရာသီဥတုအေးတဲ့ကြားကနေJoonအိမ်ကိုအစောကြီးရောက်ချလာသည်။ဒီတစ်ပတ်နားရက်မှာတော့အပူချိန်ကဟိုးအောက်ကျနေတာသည်။
နှစ်ယောက်လုံးအပြင်ထွက်လည်ဖို့စိတ်မကူးမိ...အိမ်ထဲမှာရှိတဲ့မီးလင်းဖိုလေးနားကဆိုဖာမှာနှစ်ယောက်သားထိုင်ပြီးအနွေးဓာတ်နဲ့ဇိမ်ကျပစ်လိုက်သည်။
Joonဖျော်ပေးတဲ့ကော်ဖီကလည်းအချမ်းဒဏ်ကိုကာကွယ်နိုင်ဖို့လုံလောက်သည်။Joonရဲ့အိမ်ကိုလာတိုင်းနွေးထွေးသလိုအမြဲခံစားရသည်။
ဘေးနားမှာရှိတဲ့သူကိုအာရုံမရောက်ပဲ အတွေးတွေများနေတုန်း....
"ပေးမယ်ဆိုကွာ Seokkieရာ"
"ကိုကိုလို့ခေါ်ရင် ပေးမယ်လေ"
လက်ဆောင်ပေးမယ်ဆိုတဲ့ဖောင်တိန်ကိုမပေးပဲညစ်နေတဲ့
SeokJinကိုသူအသည်းယားလွန်းလို့ဖျစ်သာဖျစ်ညှစ်ပစ်လိုက်ချင်သည်။သူအရမ်းလိုချင်နေတဲ့ဖောင်တိန်လေးကိုဘယ်ကသွားရှာရမှန်းမသိဖြစ်နေတုန်း....Seokjinကဝယ်လာသည်။
ဖောင်တိန်ကိုလိုချင်ကြောင်းပြောဖူးပေမယ့်
အသေအချာပြောဖူးတာမဟုတ်ပဲ
အမှတ်တမဲ့တွေ့တော့ဒါလေးရရင်ကောင်းမယ်လို့သူ့ရှေ့မှာရေရွတ်ပြရုံသာ.."ငါကမင်းထက်အကြီးလေ
အဲ့ဒါကိုအမြဲSeokkie Seokkieနဲ့
ငါလည်းတစ်ခါလောက်ကိုကိုလို့အခေါ်ခံချင်ဖူးတာပေါ့
Joonရ ခေါ်လေ နော်""ကျွန်တော့်အတွက်ဝယ်လာတယ်ဆိုပြီး"
"မခေါ်ရင်မပေးဘူး
ညစ်တာမဟုတ်ဘူး Joonကလည်း
ငါလည်းကြားချင်လို့ပါဆိုကွာ နော် နော်"ဆိုဖာပေါ်မှာမျက်နှာချင်းဆိုင်ထိုင်နေရာကနေလက်ကိုဆောင့်ဆွဲလိုက်တော့ရင်ခွင်နားကိုစွေ့ကနဲပါလာသည်။
နားရွက်နားကိုကပ်လိုက်ပြီး
"ပင်ပန်းလို့အမြဲအောက်မှာနေရမြှဖစ်မယ်ဆိုပြီး
အခုမှဘာလို့ အထက်စီးတွေဆန်ချင်နေတာလဲ....
ဟမ်"နားနားကိုဖြတ်သွားတဲ့လေနွေးနွေးကြောင့်လူကတုန်ကနဲ....
YOU ARE READING
သူသိစေ(သူသိစေ)
Romanceရာသီဥတုကဒီချစ်ခြင်းမေတ္တာလေးကိုမူတည်တယ် သူပူရင်ကျွန်တော်ပါပူရပြီး သူအေးရင်ကျွန်တော်ပါအေးချမ်းရတာ... ချစ်ရတဲ့နွေဦးလေးရေ မင်းအပေါ်မှာကိုယ့်ကမ္ဘာကမူတည်ပြီးလည်ပါတယ်။ ရာသီဥတုကဒီချစ်ခြင်းမေတ္တာလေးကိုမူတည်တယ် သူပူရင်ကျွန်တော်ပါပူရပြီး သူအေးရင်ကျွန်တော်ပါအေးချ...