ဆောင်းရာသီအများကြီးကိုဖြတ်ကျော်လာပြီးတဲ့နောက်မှာ
လီလီကအရွယ်ရောက်လာခဲ့တယ်။
အဖေနှစ်ယောက်ရဲ့ချစ်ခြင်းတွေကြားမှာလီလီကနွေးထွေးတဲ့နှလုံးသားလှလှလေးနဲ့မိန်းမပျိုလေးတစ်ယောက်ဖြစ်လာခဲ့တယ်။လီလီဘွဲ့ရတယ်....
လီလီအလုပ်ဝင်တယ်....
လီလီရာထူးတွေတက်လာပြီး
လီလီသဘောကျတဲ့ကောင်လေးနဲ့ဘဝတစ်ခုကိုတည်ဆောက်တော့မယ်။မင်္ဂလာဆောင်ရင်လီလီလက်ကိုဆွဲပြီးဝင်ချင်တယ်ဆိုတဲ့ဖေJinက လမ်းကောင်းကောင်းမလျှောက်နိုင်ခဲ့တော့ဘူး။
လူကြီးရောဂါကဝင်လာပြီးအရင်တုန်းကသောက်ခဲ့တဲ့ဆေးတွေရဲ့ဒဏ်ကပြန်နှိပ်စက်တယ်နဲ့တူပါတယ်။
ကျန်းမာရေးလိုက်စားတဲ့ဖေJoonကတော့အခုထိဖျက်လက်နေတုန်း...
ဖေJoonကလူကကျန်းမာရေးကောင်းပေမယ့်
စိတ်ကတော့မဟုတ်ဘူး.....ဖေJinနာကျင်နေတဲ့အခါမျိုး ရောဂါသည်းထန်နေတဲ့အချိန်မျိုးဆို မျက်ရည်တွေကိုခိုးသုတ်ပြီးငိုနေတတ်တယ်။
လီလီကဒီအမျိုးသားလေးကိုလက်မထပ်ချင်သေးဘူး။
လီလီကအဖေနှစ်ယောက်လုံးကိုမခွဲနိုင်သေးလို့...။
ဒါပေမယ့် လီလီကိုအဖေတွေကိုယ်တိုင်ကတိုက်တွန်းလာတော့ လီလီလက်ခံလိုက်ရတယ်။
ဖေJoonတို့သွားနေကြဘုရားကျောင်းလေးမှာပဲ
လီလီတို့မင်္ဂလာဆောင်ဖြစ်တယ်။လီလီကဖေJinရဲ့နွေးထွေးတဲ့လက်တစ်ဖက်ကိုကိုင်ထားတယ်...
မတ်တပ်ကောင်းကောင်းရပ်လို့မရတော့တဲ့ဖေJinရဲ့ဝှီးချဲကိုတော့ဖေJoonကတွန်းပြီးလိုက်ပေးတယ်။
လီလီကအခုကမ္ဘာပေါ်မှာကံအကောင်းဆုံးမိန်းကလေးလို့ခံစားရတယ်။
လီလီကိုအဖေနှစ်ယောက်လုံးကအမျိုးသားလေးဆီဂရုတစိုက်နဲ့ပို့ဆောင်ပေးနေတာလေ...။
YOU ARE READING
သူသိစေ(သူသိစေ)
Romanceရာသီဥတုကဒီချစ်ခြင်းမေတ္တာလေးကိုမူတည်တယ် သူပူရင်ကျွန်တော်ပါပူရပြီး သူအေးရင်ကျွန်တော်ပါအေးချမ်းရတာ... ချစ်ရတဲ့နွေဦးလေးရေ မင်းအပေါ်မှာကိုယ့်ကမ္ဘာကမူတည်ပြီးလည်ပါတယ်။ ရာသီဥတုကဒီချစ်ခြင်းမေတ္တာလေးကိုမူတည်တယ် သူပူရင်ကျွန်တော်ပါပူရပြီး သူအေးရင်ကျွန်တော်ပါအေးချ...