စာမျက်​နှာ ဆယ်​​လေး(စာမျက်နှာ ဆယ်လေး)

1.4K 221 13
                                    

ယှဉ်​လျက်​ရှိ​နေတဲ့အုတ်​ဂူဖြူဖြူ​လေးနှစ်​လုံးကဝမ်းနည်းစရာ....

SeokJinအသိစိတ်​​တွေလွတ်​​နေတဲ့အချိန်​တုန်းက​ရှေ့ဆင့်​​နောက်​ဆင့်​ကွယ်​လွန်​သွားခဲ့တဲ့အ​မေနဲ့အ​ဖေဟာသူ့ကို​သေတဲ့အထိအပြစ်​မယူသွားခဲ့ပါဘူးတဲ့....

တာဝန်​​တွေမ​ကျေခဲ့မိတာကို​နောင်​တရလို့မဆုံး....

ဆိုဂျူကိုခွက်​ထဲအသီးသီးငှဲ့ထည့်​​ပေးလိုက်​ပြီး
သူ့အတွက်​ပါတစ်​ခွက်​ငှဲ့ကာ...

"သား​ကောင်းတစ်​​ယောက်​မဖြစ်​နိုင်​ခဲ့လို့​တောင်းပန်​ပါတယ်
နောက်​ဘဝ​တွေကြရင်​အ​ဖေတို့ရဲ့သားအဖြစ်​နဲ့ပဲပြန်​​နေ​မွေးဖွားပြီး ​ကျေးဇူး​တွေကို​ပေါင်းဆပ်​ချင်​တယ်​"

ဆိုဂျူကိုခွက်​ချင်းတိုက်​လိုက်​ပြီးမှ​မော့​သောက်​လိုက်​သည်​။

နှစ်​ပတ်​လည်​မတိုင်​ခင်​ပြန်​လာခဲ့တာမလို့
ရောက်​တဲ့အချိန်​မှာကိုရီးယားရဲ့​ဆောင်းရာသီကကြိုဆိုသည်​။
အခုလည်း​​အေး​နေတာကို​ခေါင်းမာကာ​ပေး​တေပြီးထိုင်​​နေမိသည်​။
ဆိုဂျူ​နောက်​တစ်​ခွက်​ကိုငှဲ့ထည့်​​နေတုန်းအ​နွေးထည်​တစ်​ခုကခန္ဓာကိုယ်​​ပေါ်ကိုလွှားတင်​တာခံလိုက်​ရသည်​။

လက်​ထဲမှာကိုင်​ထားတဲ့ဆိုဂျူခွက်​ကဆွဲယူတာခံလိုက်​ရပြီး....

"​အေး​နေတယ်​​လေ အကိုရယ်
အ​နွေးထည်​လဲထူထူမဝတ်​သွားဘူး"

အသားကျ​နေတဲ့ဂရုစိုက်​မှု​တွေကိုအပြုံး​လေးတစ်​ချက်​နဲ့တုံ့ပြန်​ပြီးမှ....

"မလာတာကြာပြီ​လေ
အင်း...​တော်​​တော်​ကြာပြီ"

"ပြန်​​ရောက်​​နေပြီပဲဟာ...
နောက်​ဆိုကျွန်​​တော်​နဲ့ခဏခဏလာမယ်​​လေ...
အခု​တော့အကိုထိုင်​​နေတာ​တော်​​တော်​ကြာ​နေပြီ
ပြန်​ရ​အောင်​"

"အင်းပါ ခဏ​နေပြန်​မယ်​​လေ"

ဘယ်​​လောက်​ပဲသူများနိုင်​ငံကိုသ​ဘောကျ​ပေမယ့်
အမိ​မြေကိုလည်းမခွဲနိုင်​တဲ့နှစ်​​ယောက်​လုံးကကိုရီးယားကိုပဲပြန်​အ​ခြေချဖို့ဆုံးဖြတ်​ခဲ့ကြသည်​။
ဒီနိုင်​ငံကို​တော့သူတို့နှစ်​​ယောက်​လုံးအချစ်​ဆုံးပဲမလား...

သူသိ​စေ(သူသိစေ)Where stories live. Discover now