SeokJin အိမ်နားကနှစ်ဆယ့်လေးနာရီဖွင့်တဲ့
ဆိုင်လေးတစ်ခုကိုရောက်နေသည်။အသင့်စားထမင်းဘူးနှစ်ဘူးကိုဆွဲယူမိတော့
Fast foodတွေကကျန်းမာရေးအတွက်မကောင်းလို့
မစားစေချင်ဘူးဆိုတဲ့သူရဲ့စကားကိုသတိရလိုက်သေးသည်။ခေါင်းထဲအမြဲရောက်နေတဲ့ထိုလူကြောင့်
သူခေါင်းကိုခါရမ်းလိုက်ပြီး
ယူလက်စထမင်းဘူးကိုပဲယူလာခဲ့သည်။ကောင်တာမှာငွေရှင်းဖို့သွားတော့
လူတစ်ယောက်ကရှင်းနေဆဲမလို့နောက်မှာဝင်ရပ်ပြ်ီးစောင့်နေလိုက်သည်။ရှင်းပြ်ီးပုံရတဲ့ထိုလူက နောက်ကိုလှည့်လာတော့
သူနဲ့မျက်လုံးချင်းဆုံသွားသေးသည်။သိလည်းမသိပဲနဲ့ပြုံးပြလာတဲ့ထိုလူကြောင့်သူ့မှာယောင်နနနဲ့
ပြန်ရယ်ပြလိုက်ရသေးသည်။ယောကျာ်းပီသတဲ့ရုပ်ရည်နဲ့ချောမောတဲ့ထိုလူရဲ့
မျက်လုံးတွေက သူ့ကိုကြည့်တာတစ်မျိုးကြီး....
ခဏတော့စိတ်အနှောက်အယှက်ဖြစ်သွားပေမယ့်...
တစ်ခုခုကိုစိတ်ထဲအကြာကြီးမထားတတ်တဲ့သူမလို့
အိမ်ကိုရောက်တဲ့အခါမတွေးမိတော့....။'တူ."
အိမ်ထဲကိုဝင်ဖို့ passwordနှိပ်နေတုန်းမှာပဲ
ဖုန်းထဲကိုစာတစ်စောင်ဝင်လာတဲ့အသံကြောင့်
ဖွင့်ကြည့်လိုက်သည်။'ပထမဆုံးတွေ့ဆုံခြင်းနော် ကိုယ့်ရဲ့အရုပ်ကလေး'
"နံပါတ်မှားပို့တာထင်တယ်"
သိပ်မတွေးနေတော့ပဲ စာကိုဖျက်ပစ်လိုက်သည်။
'တူ...တူ'
စာဖျက်ပစ်ပြီးဖုန်းကိုစားပွဲပေါ်မှာတင်မလို့လုပ်နေတုန်း
ဖုန်းကမြည်လာပြန်သည်။မှတ်ထားတဲ့နာမည်ကိုတွေ့တော့အလိုအလျောက်ပြုံးမိသွားပြီး
ဖုန်းကanswerခလုတ်ကိုအမြန်ဆွဲလိုက်သည်။"ဟယ်လို ဆော့ဂျင်လား"
ဆော့ဂျင်ရဲ့ဖုန်းကိုဆက်ပြီးဆော့ဂျင်လားလို့မေးနေတဲ့ထိုလူရဲ့အကျင့်ဟာစခင်ကတည်းကမပြောင်းလဲ....
YOU ARE READING
သူသိစေ(သူသိစေ)
Romanceရာသီဥတုကဒီချစ်ခြင်းမေတ္တာလေးကိုမူတည်တယ် သူပူရင်ကျွန်တော်ပါပူရပြီး သူအေးရင်ကျွန်တော်ပါအေးချမ်းရတာ... ချစ်ရတဲ့နွေဦးလေးရေ မင်းအပေါ်မှာကိုယ့်ကမ္ဘာကမူတည်ပြီးလည်ပါတယ်။ ရာသီဥတုကဒီချစ်ခြင်းမေတ္တာလေးကိုမူတည်တယ် သူပူရင်ကျွန်တော်ပါပူရပြီး သူအေးရင်ကျွန်တော်ပါအေးချ...