လီလီကဒီဂေဟာလေးမှာနေရတာသဘောကျပါတယ်...
စစ်စတာကြီးကလီလီအမှားလုပ်တိုင်းမဆူပဲသကြားလုံးကျွေးပြီးသေချာဆုံးမတယ်လေ...လီလီကိုဒီကိုလာပို့တဲ့လီလီ့ပထွေးဆိုတဲ့သူကတော့လီလီအမှားလုပ်လုပ်မလုပ်လုပ်လီလီကိုခဏခဏရိုက်တာကိုး...
လီလီကအဲ့အခန်းကျဉ်းလေးထဲမှာနေရတာထက်
ဒီမှာကိုပိုပျော်ပါတယ်...။တစ်ပတ်တစ်ခါလီလီတို့ဂေဟာကိုလာနေကြအကိုကြီးနှစ်ယောက်ရှိတယ်....
နှစ်ယောက်လုံးကအရမ်းချောတာပဲ...
တစ်ယောက်ကဆိုနတ်သားလေးနဲ့တူတယ်
ဖွေးဆွတ်ပြီး...ချောလိုက်တာ...လီလီ့အမေကနိုင်ငံခြားသူလို့ပြောတယ်
အဲ့တာကြောင့်လီလီ့အသားရောင်ကအဲ့အကိုကြီးလိုဖွေးဆွတ်မနေပဲ...နီစပ်စပ်နဲ့...။အဲ့အကိုကြီးတွေကလာတိုင်းလီလီ့ကိုကစားဖို့လာခေါ်ပေမယ့်
လီလီကနဂိုကတည်းကကလေးတွေနဲ့သိပ်မဆော့တတ်တာမလို့...ခေါ်တိုင်းမသိချင်ယောင်ဆောင်နေတတ်တယ်။တစ်ခါနှစ်ခါခေါ်လို့မရရင်
အဲ့အကိုကြီးကလီလီ့ခေါင်းကဆံပင်တွေကိုသာသာလေးဆွဲဖွပြီး အဆိုးမလေးလို့ပြောပြောပြီးမှထွက်သွားတတ်တယ်။အဲ့လိုမျိုးဆိုလီလီစိတ်ဆိုးချင်ယောင်ဆောင်လိုက်ပေမယ့်
လီလီတကယ်စိတ်မဆိုးပါဘူး....
လီလီကစိတ်မှမဆိုးရဲတာ...
လီလီစိတ်ဆိုးဖူးတယ်...
ဘယ်သူမှမချော့လို့ စိတ်ဆိုးတိုင်းလာချော့မယ့်လူမရှိလွန်းလို့
လီလီစိတ်မဆိုးရဲဘူး....။ဒီတစ်ပတ်ကတော့နည်းနည်းမတူဘူး...။
အကိုကြီးနှစ်ယောက်လုံးကခါတိုင်းဆိုပါလာတဲ့မုန်တွေနဲ့စာအုပ်တွေကိုလီလီတို့ဆီကိုချက်ခြင်းယူလာပြီးဝေပေးတတ်ပေမယ့် ဒီတစ်ပတ်ကတော့စစ်စတာကြီးရဲ့ရုံးခန်းထဲကိုအကြာကြီးဝင်သွားတယ်။လီလီကြိုက်တဲ့လိမ္မော်သီးအရသာချိုချဉ်ကိုစားချင်လွန်းလို့စောင့်နေတာတောင် အိပ်ချင်လာပြီ....။
YOU ARE READING
သူသိစေ(သူသိစေ)
Romanceရာသီဥတုကဒီချစ်ခြင်းမေတ္တာလေးကိုမူတည်တယ် သူပူရင်ကျွန်တော်ပါပူရပြီး သူအေးရင်ကျွန်တော်ပါအေးချမ်းရတာ... ချစ်ရတဲ့နွေဦးလေးရေ မင်းအပေါ်မှာကိုယ့်ကမ္ဘာကမူတည်ပြီးလည်ပါတယ်။ ရာသီဥတုကဒီချစ်ခြင်းမေတ္တာလေးကိုမူတည်တယ် သူပူရင်ကျွန်တော်ပါပူရပြီး သူအေးရင်ကျွန်တော်ပါအေးချ...