ဒီနှစ်နွေဦးကလှတယ်...
မင်းမရှိလဲ နွေဦးကတော့လှနေတာပဲ...
ကိုယ့်ရင်ထဲမှာသာရွက်ကြွေတွေဝေနေခဲ့တာ...By 2020 Namjoon
"ကျွန်တော်မနက်ဖြန်စာအုပ်တြွေပန်လာပေးချင်လို့
ခင်ဗျားအိမ်ကိုလာလို့ရလားဟင်"စနေနေ့ညနေတစ်ခုရဲ့ ဖုန်းမြည်သံအဆုံးမှာ
သူ့ဆီကိုစာအုပ်တွေလာပေးဖို့ပြောတဲ့ SeokJin...သူစိမ်းတွေနဲ့အဆက်အဆံလုပ်ရမှာပျင်းတဲ့သူက
ထိုလူရဲ့သူ့ဘဝထဲကိုချဉ်းနင်းဝင်ရောက်မှုကိုတော့
လိုလိုချင်ချင်ခွင့်ပြုခဲ့တယ်...။မနက်ဖြန်လာမည်ဆိုတော့
နဂိုကတည်းကသပ်ရပ်နေပြီးသားအိမ်ကို
နည်းနည်းလေးပြန်ရှင်းလိုက်မိသည်။ဘာမှမရှိတော့တဲ့ရေခဲသေတ္တာကိုကြည့်ပြီး
ဈေးဝယ်ဖို့စက်ဘီးလေးနဲ့ထွက်လာလိုက်သည်။မနက်ဖြန်ဘုရားကျောင်းသွားဖို့အစီအစဉ်ကိုပါဖျက်လိုက်သည်။
ဘဝရဲ့အစီအစဉ်တွေမကျမှုဟာထိုလူတစ်ဦးတည်း
ဖန်တ်ီးနိုင်တာမျိုး...နည်းနည်းလတ်ဆက်မယ်ထင်ရတဲ့အသီးအရွက်တွေကိုရွေးချယ်ဝယ်ယူပြီး
လျော့နေတဲ့ကင်မ်ချီအိုးကိုမျက်လုံးထဲပြေးမြင်မိတော့
ဂေါ်ဖီထုပ်တစ်ချို့ကိုပါဝယ်လိုက်သည်။ပစ္စည်းတွေကိုစက်ဘီးခြင်းတောင်းထဲထည့်သင့်တာထည့်
နောက်ကထိုင်ခုံပေါ်မှာတင်ပြီးကြိုးနဲ့ထိန်းသင့်တာထိန်းကာ
ဝယ်ဖို့မှတ်လာတဲ့စာရင်းကိုတစ်ချက်ပြန်ကြည့်လိုက်သည်။ဘာမှမကျန်ခဲ့တာသေချာမှ
ဈေးထဲကနေစက်ဘီးကိုတွန်းပြီးထွက်လာခဲ့သည်။မိုးချုပ်စပြုနေတာကြောင့်
လမ်းမီးတိုင်လေးတွေရဲ့အလင်းရောင်ကိုအားပြုပြီးသွားလာနေကြတဲ့ လူတွေကလည်းအလျှိုလျှို....အသက်ကြီးကြီးအဖွားတစ်ယောက်က
ကတ္ထူစက္ကူတွေ ပစ္စည်းအဟောင်းတွေထည့်ထားတဲ့
သူ့တွန်းလှည်းလေးကိုကုန်းအတက်မှာ
မနည်းအားစိုက်ပြီးတွန်းနေတာတွေ့တော့
စက်ဘီးကိုဒေါက်ထောက်ကာရပ်လိုက်ပြီးအဖွားနားကိုသွားကာ ကူပြီးတွန်းတင်ပေးလိုက်သည်။
"ကျေးဇူးပဲ မြေးရယ်"
YOU ARE READING
သူသိစေ(သူသိစေ)
Romanceရာသီဥတုကဒီချစ်ခြင်းမေတ္တာလေးကိုမူတည်တယ် သူပူရင်ကျွန်တော်ပါပူရပြီး သူအေးရင်ကျွန်တော်ပါအေးချမ်းရတာ... ချစ်ရတဲ့နွေဦးလေးရေ မင်းအပေါ်မှာကိုယ့်ကမ္ဘာကမူတည်ပြီးလည်ပါတယ်။ ရာသီဥတုကဒီချစ်ခြင်းမေတ္တာလေးကိုမူတည်တယ် သူပူရင်ကျွန်တော်ပါပူရပြီး သူအေးရင်ကျွန်တော်ပါအေးချ...