"ဒီနေ့dateရအောင်"
အားလပ်ရက်တစ်ခုမှာSeokjinကNamjoonကိုအပြင်ထွက်ဖို့ခေါ်သည်။
"ကိုယ့်အိမ်မှာလား"
တစ်မိနစ်လောက်နေတော့ စာပြန်လာသည်။
Dateပါမယ်ဆိုသူ့ရဲ့ပျင်းစရာကောင်းတဲ့အိမ်ကြီးထဲမှာဘာလုပ်ရမှာလဲ..."ရုပ်ရှင်ကြည့်ရအောင်"
အသက်ကြီးမှရည်းစားလေးရတာပေမယ့်
သူလည်းသာမာန်စုံတွဲတွေလိုဖြတ်သန်းကြည့်ချင်သည်။"လူတွေများတဲ့နေရာကိုကျွန်တော်မကြိုက်ဘူးလေ
အကို"ဖုန်းကိုစိတ်ပေါက်ပေါက်နဲ့မွေ့ယာပေါ်ပစ်တင်လိုက်သည်။
ရည်းစားသက်တမ်းတစ်လအတွင်းမှာညှိယူလို့ရတာတွေရော
မရတာတွေရောရှိလာခဲ့သည်။အထူးသဖြင့်လုံးဝtypeမတူတဲ့သူတို့နှစ်ယောက်ရဲ့ပုံစံက
အချိန်ကြာလာလေ ပိုပြီးသိသာလာလေဖြစ်သည်။အများအားဖြင့်သူကအကြီးဆိုပြီးအလျော့ပေးခဲ့ပေမယ့်
ဒီတစ်ခါတော့မရ....အပြင်သွားဖို့ခေါ်တိုင်းငြင်းတော့
စိတ်ထဲမှာအကြိတ်အခဲလေးတွေကစုစုလာသည်။သူနဲ့တွဲရတာရှက်လို့လား...
သူ့ကိုတကယ်မချစ်လို့များလား...နဂိုကတည်းက over thinking (အတွေးလွန်သမား)မလို့
Joonဆီကအဲ့လိုမျိုးငြင်းဆန်ခံရတိုင်း
သူ့မှာပူလောင်သည်။မသွားတော့ဘူးလို့ပဲစာပြန်ပို့လိုက်ပြီး
အိပ်ယာထဲပြန်ဝင်ခွေနေလိုက်သည်။Shinလို့မှတ်ထားတဲ့contactတစ်ခုကို
"ညကြကျွန်တော်တို့ဟိုတစ်ခေါက်ကပြောတဲ့ဘားကိုသွားရအောင်"လို့လဲစာပို့လိုက်သေးသည်။Shinကတကယ်ခင်ဖို့ကောင်းပါသည်။
သူစိတ်ညစ်နေတဲ့အချိန်တိုင်းလိုလိုပေါ်လာတတ်ပြီး
ရယ်စရာတွေပြောတတ်သည်။လူကောင်းသူကောင်းတစ်ယောက်လို့ထင်ရတာမလို့
သူ့ကိုခင်နေတဲ့Shinကိုသူကလည်းခင်သည်။တစ်နေ့လုံးအိပ်ရာထဲမှာခွေနေပြီးညခုနှစ်နာရီလောက်ရောက်တော့ ရေချိုးကာ...
တစ်ကိုယ်လုံးအနက်ရောင်ကိုဝတ်ဖို့ရွေူးချယ်လိုက်သည်။
YOU ARE READING
သူသိစေ(သူသိစေ)
Romanceရာသီဥတုကဒီချစ်ခြင်းမေတ္တာလေးကိုမူတည်တယ် သူပူရင်ကျွန်တော်ပါပူရပြီး သူအေးရင်ကျွန်တော်ပါအေးချမ်းရတာ... ချစ်ရတဲ့နွေဦးလေးရေ မင်းအပေါ်မှာကိုယ့်ကမ္ဘာကမူတည်ပြီးလည်ပါတယ်။ ရာသီဥတုကဒီချစ်ခြင်းမေတ္တာလေးကိုမူတည်တယ် သူပူရင်ကျွန်တော်ပါပူရပြီး သူအေးရင်ကျွန်တော်ပါအေးချ...