၂၉-၁

16.8K 2.1K 186
                                    

[Unicode]အလုပ်သင်ကာလပြီးသည့်အခါ လီဆွေ့အတွက် စာမေးပွဲကို ပိုအားစိုက်နိုင်သွားသည်။ လီဆွေ့သည် အတတ်မြန်သည့်အပြင် အလုပ်သင်ကာလကတည်းက အများအပြားသင်ယူလာနိုင်ခဲ့သည်။ အသိပညာနှင့် အတွေ့အကြုံပေါင်းစပ်လိုက်သည့်အခါ အင်မတန်ကိုတိုးတက်လာခဲ့လေသည်။

လုရှန်းကလည်း သူ့ကိုသေချာကို လေ့ကျင့်ပေး၏။ လီဆွေ့၏လုပ်ငန်းခွင်အတွေ့အကြုံကို ကောင်းကောင်းအသုံးချလာတတ်ဖို့ ဦးလေးယွမ့်ကို အကူအညီတောင်းကာ ရိုးစင်းသောလုပ်ငန်းကိစ္စရပ်များကိုလည်း လီဆွေ့အတွက် စီစဉ်ခိုင်းတတ်သည်။

လုပ်ဆောင်နေစဉ်မှာတော့ အားလုံးကရိုးစင်းသည်ဟုခံစားရသည်။ သို့သော် တကယ်တမ်းကျတော့ သေချာအသေးစိတ်အာရုံစိုက်ရမည့် အချက်အလက်တွေအများကြီးပါဝင်သည်။ ထပ်ခါထပ်ခါလုပ်ပြီးသည့်နောက်မှာတော့ လီဆွေ့က သူ့အရေးအသားတွင် ဆင်တူအသုံး သုံးလို့ရလောက်ပြီဟု သဘောက်ပေါက်လိုက်သည်။

နောက်တစ်နေ့ မနက်ပိုင်းမှာတော့ ကောင်းကင်က နေမသာသေးပေ။ နှင်းကျမည့်ပုံပေါ်၏။

"မနေ့ညကပေးတဲ့ ပူးပေါင်းလုပ်ဆောင်မှုသဘောတူချက်စာတမ်းတွေ ပြန်ပြင်ပြီးပြီလား"

"အင်း ... ပြင်ပြီးသွားပြီ  ခင်ဗျားနာမည်တံဆိပ်တုံးနှိပ်လိုက်ပြီး လက်ထောက်ယန်ဆီပို့ထားလိုက်တယ်"

လုရှန်းက အင်း ဟု တုံ့ပြန်ပြီး ဆက်ပြောသည်။

"နောက်နှစ်အသုံးစရိတ်အတွက် ဆွေးနွေးဖို့ အစည်းအဝေးပြင်ဆင်ရဦးမယ်"

လုရှန်းက လီဆွေ့နှင့်အတူ အခန်းထဲက ထွက်လာသည်။

"ဦးလေးယွမ့်ပြောထားဖူးတယ် ...  အဲ့ဒါကြောင့် မနှစ်ကအသုံးစရိတ်ပုံစံကို ကြည့်ပြီး ပုံစံတူလုပ်ထားတယ် ... အချိန်အားရင် အဆင်ပြေမပြေစစ်ကြည့်လို့ရတာပေါ့"

လုရှန်းရယ်လိုက်သည်။

"မင်းတောင် အလုပ်မှာ တော်တော်နှံ့စပ်နေပြီပဲ"

လီဆွေ့ပြန်မဖြေပေ။ သူ့အတွေးတွေအကုန်လုံးက လုရှန်း၏အပြုံးကို မြင်ကတည်းက ပျောက်ကွယ်သွားပြီဖြစ်သည်။

နှလုံးသားနှင့် ပျိုးထောင်ခဲ့သောWhere stories live. Discover now