"အဲ့ဒီတော့...ရှောင်းကျန့်မှာက ချစ်သူရှိတယ်ပေါ့၊ သူ့ချစ်သူက မင်းတို့ကျောင်းက ဆရာမ ရှင်းရလီလား"
ယွီပင်းက. စီးကရက်ကိုမီးညှိလိုက်ရင်းမေးလိုက်တော့
"ကျွန်တော့်ကိုလဲ တစ်လိပ်ပေး"
ယွီပင်း တရားခံစစ်လာတဲ့ ကာလတစ်လျှောက်လုံး ဝမ်ရိပေါ်လောက် သွေးအေးပြီး အကြောက် အလန့်မရှိတဲ့တရားခံမျိုး တခါမှ မတွေ့ဖူးခဲ့ဘူး။
"မင်း က ဆေးလိပ်သောက်တတ်တယ်ပေါ့"
ပန်းရောင်သန်းနေသော နူတ်ခမ်းထူထူလေးတွေက စီးကရက် သောက်လေ့ရှိတယ်လို့ မထင်ရက်စရာ ကောင်းလွန်းတာမို့ မေးမိတော့..
"ကျွန်တော် ဆေးလိပ်သောက်တာကို ကိုကိုမကြိုက်ဘူး။
စိတ်မွန်းကြပ်နေတဲ့အချိန်နဲ့ အရမ်းလွမ်းတဲ့အချိန်ပဲ ဆေးလိပ်သောက်တာ၊ ခု ကိုကို ကိုအရမ်းသတိရလာလို့၊တစ်လိပ်လောက် ပေးစမ်းပါ ..."လက်ကိုလှမ်းရင်း..ရိပေါ်က မထုံတတ်တေးပုံစံနဲ့ပြောနေပေမယ့် ဒီကောင်လေးကိုဒေါသထွက်ဖို့မေ့နေခဲ့တယ်။
ရိပေါ်ကတော့ စီးကရက်ကို..ဟန်ပါပါနဲ့ ဖွာလိုက်ရင်း.."ကိုကို က ကျွန်တော့်ကို ဆေးလိပ်မသောက်ဖို့သာ တားတာ၊
သူကျ မမြင်ကွယ်ရာမှာ ခိုးခိုးသောက်တယ်။
ဟားဟား...ကိုကို ကအရမ်း ရယ်ရတယ်။
ငါပြောသလိုလုပ် ငါလုပ်သလိုမလုပ်နဲ့လို့ ပြောတဲ့သူမျိုး၊
လူအများရှေ့မှာ စိတ်ထားဖြူစင်တဲ့လူရည်မွန်တစ်ယောက်ဖြစ်နေပေမယ့် ကိုကို ရဲ့ လူမသိတဲ့အခြားတစ်ဖက်မှာ ကိုကို က လူဆိုးလေးဗျ."မျက်ရည်စတဲ့ ဝေ့သီလာတဲ့ မျက်ဝန်းတွေကိုလက်ဖြင့်အသာသုတ်လိုက်ရင်း.....။
........
"တိတိလေးရေ...ဒီမှာ..ကော ဘာဝယ်လာလဲ ကြည့်ကြည့်"
အပြင်ကပြန်လာတဲ့ကိုကိုက ရိပေါ်ကို မတွေ့တာနဲ့အသံကျယ်ကြီး အော်ခေါ်တော့တာပဲ။သူက ကိုကိုမရှိတုန်း ကိုကို့ ဗီဒိုထဲက အင်္ကျီတွေကိုစိတ်ကြိုက်မွှေနှောက်နေပါတယ်ဆို၊ အခုတော့ ကိုကို လှမ်းခေါ်နေတာနဲ့ အိမ်အောက်ထပ်ကိုဆင်းပြေးလာရပြီ။
YOU ARE READING
AUTOPHOBIA (Complete)
Fanfictionအရူး!ဟုတ်တယ် ကျွန်တော်ကအရူး၊ စွန့်ပြစ်ခံရမှာကို သေမတက်ကြောက်နေတဲ့ အရူး ယဉ်ယဉ်လေးရူးနေတဲ့..သူ!!