ည တစ်ည။
ကျန်ခဲ့သောညတွေထက် ပိုပြီးမှောင်မိုက်နေသောည။တိတိကျကျ ပြောရရင် လကွယ်ည။မိုးစက်တွေကတဖြောက်ဖြောက်ကျနေပြီး အေးဆိမ့်နေသောအငွေ့အသက်တွေနဲ့အတူတိတ်ဆိတ်နေသောပက်ဝန်းကျင်က သဟဇာတတည့်နေသည်။
ဒီလို ညမျိုးမှာ ရှန်ပိန်တစ်ခွက်၊စာအုပ်တစ်အုပ်နဲ့ ဇိမ်ကျ လက်ကျ အေးဆေးအနားယူချင်သောယွီပင်းကတော့
Night duty ကြတဲ့သူ့ ကံကြမ္မာအတွက် အလိုမကျစွာ
မြည်တွန်းတောက်တီးနေသည်။ယွီပင်းနှင့်အတူ လက်ထောက် ဝူစစ်ကျန်းကလဲ စဉ်းလားသောမျက်လုံးတွေကို အတင်းပြူးဖြဲထားကာ
အိပ်မငိုက်အောင် ကြိုးစားပန်းစား လုပ်ဆောင်နေရသည်။
တကယ်ဆို..ဒီနေ့က သူ့နားရက်လေ။
ခေါင်းဆောင်ယွီ night duty ကျတာနဲ့ သူပါ လိုက်ဆင်းပေးရတာနည်းနည်းတော့ မတရားဘူးမို့လား။
ဘဝင်မကျသောစိတ်တို့ဖြစ်ထွန်းနေသော ဝူစစ်ကျန်းရဲ့မျက်နှာက ရှစ်ခေါက်ချိုးထားသောမျက်နှာပေးဖြင့်ဆူပုတ်နေတော့တယ်။နှစ်ယောက်သားအတွေးကိုယ်စီဖြင့်ငြိမ်သက်နေတုန်း တိတ်ဆိတ်မူကိုဖြိုခွင်းလို့ တယ်လီဖုန်းမြည်သံက ဆူညံစွာထွက်ပေါ်လာသည်။
"ဟဲလို...ပေကျင်းရဲစခန်းကပါ၊ဘာများကူညီပေးရမလဲ"
ယွီပင်းဖုန်းကိုကိုင်ပြီးမေးလိုက်တော့တစ်ဖက်က ဘာဖြေသံမှ မကြားရ။
မျက်ခုံးတစ်ဖက်ကိုတွန့်ချိုးကာအားစိုက်ပြီးနားထောင်ကြည့်လိုက်တော့ခပ်ပြင်းပြင်းအသက်ရှူသံလိုမျိုးလေတိုးသံကို သဲ့သဲ့ကလေး ကြားနေရသည်။"ဟဲလို...လူကြီးမင်းခင်ဗျာ..၊ဘာများကူညီပေးရမလဲ..."
နောက်တကြိမ်အသံပြုလိုက်တော့ အသံအားဖြင့် ငယ်ရွယ်ပုံထောက်သော ကောင်လေးတစ်ယောက်ရဲ့အသံကိုကြားလိုက်ရတယ်။
"ကျွန်တော် လူသတ်ထားတယ်။အိမ်အမှတ်၁၈ကိုလာခဲ့ပေးပါ၊
ဒီဖုန်းနံပါတ်ရဲ့ရဲစခန်းနဲ့ဆို ကျွန်တော့်အိမ်ကတစ်လမ်းကျော်ပဲ။အရေးပေါ်ကယ်ဆယ်ရေးတေ
ွဘာတွေတော့ခေါ်မနေတော့နဲ့။သူ အသက် မရှိတော့ဘူး၊
အလောင်းသိမ်းဖို့နာရေးကလူတွေနဲ့မူခင်းရဲတွေပဲခေါ်လာခဲ့။ပြီးတော့မြန်မြန်လာခဲ့ပေး"
ESTÁS LEYENDO
AUTOPHOBIA (Complete)
Fanficအရူး!ဟုတ်တယ် ကျွန်တော်ကအရူး၊ စွန့်ပြစ်ခံရမှာကို သေမတက်ကြောက်နေတဲ့ အရူး ယဉ်ယဉ်လေးရူးနေတဲ့..သူ!!