"AUTOPHOBIA"
အပိုင်း ၁၂
🎶Just gonna stand there and hear me cry Well that's alright because I love the way you lie 🎶
တစ်ခန်းလုံးအမှောင်ချထားတဲ့အခန်းငယ်လေးက စားပွဲပေါ်မှာထွန်းထားတဲ့ ပြာလဲ့လဲ့တောက်ပနေတဲ့ ဖယောင်းတိုင်ရဲ့အလင်းရောင်လေးကို အားပြုနေရတယ်။
ရိပေါ်ကတော့ သူအရမ်းကြိုက်တဲ့ Rihanna ရဲ့ Love the way you lie သီချင်းကို ခပ်တိုးတိုးလေးဆိုနေရင်း.စာဖတ်ခန်းကိုသူစိတ်ကြိုက် ပြင်ဆင်နေသည်။"အင်း..မိနစ်နှစ်ဆယ်တောင် ကျော်နေပြီ ကိုကိုက အိပ်နေတုန်းလား"
လက်တွေနဲ့ခြေထောက်တွေကိုတုတ်နှောင်ခြင်းခံထားရတဲ့ ရှောင်းကျန့်က ထိုင်ခုံပေါ်မှာ ခေါင်းငိုက်စိုက်ပြီး အိပ်ပျော်နေတယ်။
ငုံ့နေတဲ့ ခေါင်းတွေကို လက်နဲ့မော့ယူလိုက်ပြီး
"ကိုကို သတိပြန်မရသေးဘူးလား၊ ကျွန်တော်က ကိုကိုနဲ့လက်ထပ်ပွဲကျင်းပမလို့ပြင်ဆင်နေတာတောင် အားလုံးပြီးပြီကိုကိုရဲ့"
ရှောင်းကျန့်ရဲ့မျက်နှာအနှံ့ကို နူတ်ခမ်းလေးထော်ကာ လေနဲ့ဖြေးဖြေးလေးမှုတ်လိုက်တော့ မျက်ခွံလေးတွေက တဖျက်ဖျက်နဲ့ လှုပ်လာတယ်။
"ကိုကိုက အိပ်ပျော်နေတာတောင်အရမ်းချောတာပဲ၊ ဒါကြောင့်လဲ မိန်းမတွေကသည်းသည်းလှုပ် ကြိုက်နေကြတာကိုး။
ကျွန်တော်ကတော့ ကိုကိုရုပ်ဆိုးနေလည်း ချစ်မှာ သိလား"ရိပေါ်ရဲ့စကားတောင်မဆုံးသေး ဆေးရှိန်ပြေသွားတဲ့ ရှောင်းကျန့်က မျက်လုံးလေးတွေကိုကြိုးစားဖွင့်လို့ သတိပြန်လည်လာပြီ။
"ဟာ..ကိုကို သတိပြန်ရလာပြီ "
လက်ကလေးနဲ့နူတ်ခမ်းနားကို ကပ်လို့ မခို့တရို့လေးပြောလိုက်တဲ့ ရိပေါ်က အခြားသူတစ်ယောက်အဖြစ်ပြောင်းလဲသွားသလိုပဲ။
လွန်ခဲ့တဲ့ ၉နှစ်ခန့်က ရှောင်းကျန့်ရဲ့အဖြူရောင်shirt အင်္ကျီလေးက ခုထိ သစ်လွင်တောက်ပနေတုန်း။
အပေါ်ကြယ်သီးနှစ်လုံးကိုမတပ်ထားတာကြောင့် ရိပေါ်ရဲ့ အဖြူရောင်ရင်ဘက်လေးတွေက ပြာလဲ့လဲ့မီးရောင်အောက်မှာ
လှပလွန်းနေတယ်။
YOU ARE READING
AUTOPHOBIA (Complete)
Fanfictionအရူး!ဟုတ်တယ် ကျွန်တော်ကအရူး၊ စွန့်ပြစ်ခံရမှာကို သေမတက်ကြောက်နေတဲ့ အရူး ယဉ်ယဉ်လေးရူးနေတဲ့..သူ!!