ဆေးကွက်တွေ ကွာနေတဲ့ အုတ်နရံကိုမော့ကြည့်ပြီး
ကိုကိုရေလို့
တမ်းတမ်းတတ အော်ခေါ်လိုက်တယ်။
သူမျက်လုံးမှာ မျက်ရည်စတွေနဲ့!နူတ်ဖျားက ဖွင့်ဟဝန်ခံခြင်းမျိုးမရှိပေမယ့်
ခံစားနေရတဲ့ နာကျင်မှုကိုတော့
ခပ်ရေးရေးမြင်နေရတယ်။ကောင်လေးရဲ့ ကမ္ဘာမှာ
တစ်ဦးတည်းရှိတဲ့ အားကိုးရာက
ကောင်လေးရဲ့အတ္တကြောင့်
ပျက်စီးပျောက်ကွယ်သွားပြီ်။
ကမ္ဘာပြိုတယ်တဲ့!!"မင်း ကော က မင်းကို သိပ်ချစ်တာ၊ သူ အဝေးကိုထွက်သွားချင်ခဲ့တာလဲ မင်းကြောင့်ပဲ၊
တကယ်တမ်းသူက သနားဖို့အကောင်းဆုံးပဲ။
မင်းလိုလူနဲ့ မတွေ့ခဲ့သင့်ဘူး။
သူ့ဘဝထဲကိုမင်းကို ဆွဲမခေါ်သင့်ဘူး။
မင်းက သူ့အတွက် ကံဆိုးမှုတွေကိုသာယူလာတဲ့ နတ်ဆိုးပဲ"လက်ညိုးထိုးလို့ စွပ်စွဲတဲ့ စကားသံတွေ!!!
မကြားချင်ဘူး။
မဟုတ်ဘူး။"မဟုတ်ဘူး။ ကိုကို့ကို ငါသတ်တာမဟုတ်ဘူး။
ငါက ချစ်တာ..။ ငါက သူ့ကိုအရမ်းချစ်တာ၊ ငါ့ကိုချစ်လာအောင်ပဲ
ငါလုပ်တာ၊ မလိမ်နဲ့၊ မလိမ်နဲ့..အရူးမကြီးတွေ ငါ့ကိုမလိမ်နဲ့""ထွက်သွား...အခန်းထဲထွက်သွားကြ၊ ထွက်သွား"
"ကိုကို ကိုကိုအနားမှာရှိနေလားဟင်၊
ကိုကို ကျွန်တော့်ကို ယုံတယ်မို့လားဟင်၊
သူတို့ပြောသလို ကိုကိုအတွက် ကျွန်တော်က နတ်ဆိုးမဟုတ်ဘူးဆိုတာ ကိုကိုသိတယ်မို့လား"အော်ဟစ်ရယ်နေတဲ့အသံတွေ!!
နရံတွေမှာ မြင်နေရတဲ့ သွေးသံရဲရဲပုံရိပ်တွေ!!တွေ့မြင်ရတာအကြိမ်ရေများလာတဲ့အခါ
သူ ဒီကြောက်လန့်မူကို သည်းမခံနိုင်တော့ဘူး။ကြောက်လန့်မူ၊ နာကျင်မူတွေကို ဖြေဖျောက်နိုင်ဖို့
လုပ်စရာတစ်ခုပဲ ရှိတယ်။အမာရွတ်ဟောင်းပေါ် အမာရွတ်သစ်ရောက်လာရင် အမာရွတ်ဟောင်းက ပျောက်ကွယ်သွားတယ်တဲ့။
ဒီခံစားနေရတဲ့ နာကျင်မူက လွတ်မြောက်အောင် သူဘာလုပ်သင့်လဲ!!
VOUS LISEZ
AUTOPHOBIA (Complete)
Fanfictionအရူး!ဟုတ်တယ် ကျွန်တော်ကအရူး၊ စွန့်ပြစ်ခံရမှာကို သေမတက်ကြောက်နေတဲ့ အရူး ယဉ်ယဉ်လေးရူးနေတဲ့..သူ!!