ယွီပင်း ခေါင်းတွေထိုးကိုက်လာတဲ့အထိ ဦးနှောက်ကို အလုပ်ပေးနေရတယ်။
ရှေ့မှာ သက်သေအဖြစ် အစစ်ခံနေတဲ့
နူတ်ခမ်းမှာ ဓားဒဏ်ရာနဲ့ ကောင်လေးကလဲ ပြည်နယ်တရားသူကြီးချုပ်ရဲ့ သား ၊ ဝမ်ရိပေါ်နဲ့ကျောင်းအတူတူတက်ခဲ့ဖူးတဲ့ ကျောင်းသားဟောင်း။
သူပြောပြတဲ့ အကြောင်းအရာတွေနဲ့ လက်ရှိမြင်တွေ့နေရတဲ့အရာတွေက ဆန့်ကျင်ဘက်တွေ။
ဘယ်ဟာကအမှန်လဲ။
ပြီးတော့ မြင့်မားတဲ့အရပ်နဲ့ တောင့်တင်းတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ ကောင်လေးက ဝမ်ရိပေါ်ရဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်မူကို ခံခဲ့ရတယ်ဆိုတာယုံနိုင်ဖွယ်မရှိ။"ဆရာကြီးတို့. ကျွန်တော်ပြောတာ မယုံကြည်ကြဘူးဆိုတာ ကျွန်တော်နားလည်ပါတယ်။ကျွန်တော့်လိုပုံစံနဲ့ဝမ်ရိပေါ်အနိုင်ကျင့်တာကို ခံခဲ့ရတယ်ဆိုတာ ယုတ္တိမရှိသလိုဖြစ်နေမှာပေါ့။
ဒါပေမယ့် ကျွန်တော့် နူတ်ခမ်းက မွေးရာပါ ကွဲရာပါတာမဟုတ်ဘူး။ဝမ်ရိပေါ် ကိုယ်တိုင် ဓားနဲ့ ခွဲခြစ်ခဲ့တာ"ဝူစစ်ကျန်း မျက်လုံးပြူးသွားပြီး ယွီပင်းကိုအသာလက်တို့လိုက်တယ်။
"ဆရာ..သူပြောတာဖြစ်နိုင်ပါ့မလား"
ဝမ်ရိပေါ်ကို အမြင်မကြည်တဲ့ ဝူစစ်ကျန်းလိုလူမျိုးတောင်
သံသယဝင်တယ်ဆို ယွီပင်း ဇဝေဇဝါဖြစ်နေတယ်ဆိုတာ
အပြစ်မဆိုသာတော့။"နောက်ထပ်တစ်ခေါက်လောက် တိတိကျကျ ပြောပေးလို့ရမလား၊ညီလေး..အစ်ကိုတို့ သေချာလေးပြန်နားထောင်ပါ့မယ်။
တကယ်လို့ ညီလေးရဲ့ထွက်ဆိုချက်တွေကမှန်ကန်တယ်ဆို
သက်သေအဖြစ် ရုံးတော်ကို တင်ပေးမယ်"ယွီပင်းစကားလဲ ဆုံးရော..ကောင်လေးက
"ကျွန်တော် နမည်က williamပါ၊ ကျွန်တော်က အထက်တန်း ပထမနှစ်မှာ ကျောင်းပြောင်းလာတာ..."
williamဆိုတဲ့ တရုတ်စပိန်ကပြားလေးက သူကြုံတွေ့ခဲ့ရတဲ့ ဝမ်ရိပေါ်ရဲ့ သွေးအေးတဲ့ရက်စက်နည်းတွေကို စီကာပက်ကုံးပြောပြတော့သည်။
YOU ARE READING
AUTOPHOBIA (Complete)
Fanfictionအရူး!ဟုတ်တယ် ကျွန်တော်ကအရူး၊ စွန့်ပြစ်ခံရမှာကို သေမတက်ကြောက်နေတဲ့ အရူး ယဉ်ယဉ်လေးရူးနေတဲ့..သူ!!