"ကျွန်တော် အင်္ကျီ ခင်ဗျားယူသွားတာ ဘယ်တော့ပြန်ပေးမှာလဲ"ဒီနေ့တော့ ရိပေါ် က မြင်မြင်သမျှကို ပြသာနာရှာနေတယ်။
အခုလဲကြည့် သက်သေခံပစ္စည်းစာရင်းဝင် အမှုဖြစ်တဲ့ညကသူဝတ်ခဲ့သော သေဆုံးသူရှောင်းကျန့်ရဲ့သွေးတွေစွန်းနေတဲ့ အင်္ကျီကို မရမကတောင်းနေတယ်။"သက်သေခံအဖြစ်သိမ်းထားတယ်လို့မင်းကိုဘယ်နခါပြောရမလဲ"
ပြသာနာရှာနေမှန်းသိနေသောကြောင့် စိတ်ဆက်တဲ့ ဝူစစ်ကျန်းက ဝင်ပြောတော့ ရိပေါ်က နှုတ်ခမ်းတစ်ဖက်ကိုမဲ့ပြလိုက်ပြီး
"မင်းဆီကတောင်းနေတာမဟုတ်ဘူး။
အစ်ကိုယွီပင်း ကျွန်တော့်ကို အဲ့ဒီ အင်္ကျီပြန်ပေးမယ်ဆိုရင်
အစ်ကိုသိချင်တာမှန်သမျှကို အမှန်အတိုင်းပြောပြမယ်"ရိပေါ်ရဲ့ စကားကြောင့် ဝူစစ်ကျန်းကို အဖြူရောင်shirt အင်္ကျီလေးကိုသွားယူဖို့ပြောလိုက်တဲ့ယွီပင်းကို ဝူစစ်ကျန်းက မျက်စောင်းလှည့်ထိုးတယ်။
ဆူဆူအောင့်အောင့်နဲ့ ထွက်သွားတဲ့ ဝူစစ်ကျန်းကို ရိပေါ်တစ်ချက်လှမ်းကြည့်လိုက်ပြီး ယွီပင်းကို မေးဆက်ပြကာ"မဖြစ်နိုင်ဘူးလို့သက်မှတ်ထားရင်မျှော်လင့်ချက်တွေမပေးနဲ့။
ခင်ဗျားအတွက်ဘာမဟုတ်တဲ့အပြုအမူသေးသေးလေးက အခြားသူရဲ့ကမ္ဘာကိုဖျက်ဆီးပစ်လိုက်နိုင်တဲ့ရူးသွပ်ခြင်းမျိုးဖြစ်သွားနိုင်တယ်"ရိပေါ် ရဲ့ မျက်ဝန်းတွေက ညို့ရီမှိုင်းသွားပြန်ပြီ။
_______________________________ရီရှင်းယူလာခဲ့တဲ့ သီချင်း အယ်လ်ဘမ်တွေက
Chris Brown၊BigBang၊Rihanna စတဲ့ ရိပေါ် အကြိုက်ဆုံးအဆိုတော်တွေရဲ့ offical အယ်လ်ဘမ်တွေ။
ရိပေါ်မျက်နှာကတော့တပြုံးပြုံးပေါ့။
ရီရှင်းနဲ့ပြုံးရယ်ပြီးပြောနေသမျှ ရှောင်းကျန့်က ဘေးကထိုင်ကြည့်ပြီးရယ်နေခဲ့တယ်။ဒီလိုနဲ့ ဒေါက်တာရီရှင်းဟာ နှစ်ယောက်တည်းရှိတဲ့ သူတို့ရဲ့ဘဝထဲကို တတိတိနဲ့ တိုးဝင်လာခဲ့တယ်။
တစ်ပက်ကို တစ်ရက်ပုံမှန် လာလည်တဲ့ ဒေါက်တာရီရှင်းကိုရိပေါ်က သူ့ကိုအရမ်းခင်လို့ လာလည်တယ်ပဲထင်ခဲ့တာ။
YOU ARE READING
AUTOPHOBIA (Complete)
Fanfictionအရူး!ဟုတ်တယ် ကျွန်တော်ကအရူး၊ စွန့်ပြစ်ခံရမှာကို သေမတက်ကြောက်နေတဲ့ အရူး ယဉ်ယဉ်လေးရူးနေတဲ့..သူ!!