ပဲခေါက်ဆွဲပူပူကို ပါးစပ်ဖြင့်တဖူးဖူးမှုတ်လို့ အားရပါးရစားသောက်နေတဲ့ဝူစစ်ကျန်းက
သက်ပြင်းချပြီးလေးပင့်သောခန္ဓာကိုယ်ကိုမသယ်ချင်သယ်ချင်ပုံနဲ့ အခန်းထဲဝင်လာသော ယွီပင်းကို မျက်တောင်မခတ်ဘဲစိုက်ကြည့်နေသည်။
လေးလံထိုင်းမှိုင်းနေတဲ့ယွီပင်းရဲ့ပုံစံကိုဘသူတခါမှ မမြင်ဖူးခဲ့တာမို့အထူးအဆန်းဖြစ်နေသည်။"ဆရာ..ဒီနေ့ ဟိုကောင်လေးရဲ့ အမူတွဲကို ရုံးတော်ကို တင်ရမှာမဟုတ်လား"
မေးသံကိုမကြားသည့်အလားအတွေးတွေပျံ့လွင့်ကာငိုင်တိငိုင်တိုင်ဖြစ်နေသောယွီပင်းကိုလက်ကိုဝူစစ်ကျန်းကလှမ်းဆွဲလိုက်ကာသတိပေးတော့ မျက်တောင်လေးတဖြတ်ဖြတ်ခတ်ပြီးသူ့ကိုမေးတယ်။
"မင်း..စောနကဘာပြောလိုက်တာလဲ"
ဝူစစ်ကျန်းလဲမရည်ရွယ်ပါဘဲယွီပင်းကို မျက်စောင်းကြီးထိုးလိုက်တယ်။
နဂါးမျက်စောင်းကိုမြင်လိုက်ရတဲ့ယွီပင်းမှာလဲစိတ်ထဲကနေလှမ်းမာန်နေမိတယ်။ဒီကောင်လေး စည်းကမ်းမတင်းကြပ်တာနဲ့ပဲ ခေါင်းဆောင်ကို ခေါင်းဆောင်လိုသဘောမထားတော့ဘူး။တကယ်ခတ်တယ်။"ဝမ်ရိပေါ်ရဲ့အမူကို ဒီနေ့ ရုံးတော်တင်မှာလားလို့မေးနေတာ၊
ပြီးတော့ဆရာသူ့ကို စစ်မေးတော့သူဆီက ဘာတွေထပ်ကြားရလဲ၊
သူ့မွေးစားအစ်ကိုကို ဘာလို့သတ်လိုက်တာတဲ့လဲ၊အကြောင်းပြချက်က..."ဝူစစ်ကျန်းရဲ့စကားသံတွေက နားထဲကြားတစ်ချက်၊မကြားတစ်ချက်
အတွေးထဲဝင်ရောက်လာသည်က ဝမ်ရိပေါ် ပြောပြခဲ့သောသူ့ငယ်ဘဝရဲ့အကြောင်းအရာများ...။.....
၂ရက်နေ့ ဇွန်လ ၊၂၀၀၉ခုနှစ်
အမှတ် (၂)အထက်တန်းကျောင်း။
ပေကျင်းမြို့ ။ကျောင်းဝန်းထဲမှာ တူညီဝတ်စုံလေးတွေနဲ့ ကလေးတွေက
ဟိုဟိုဒီဒီပြေးလွှားဆော့စကားနေကြသည်။
ပါးစပ်ကလဲမျိုးစုံအော်ဟစ်နေကြတဲ့ရွယ်တူကလေးတွေကိုကြည့်ပြီး
ဝမ်ရိပေါ် စိတ်ပျက်သွားသဖြင့် စုတ်တစ်ချက်သတ်မိသည်။ဒီလို ဆူညံတဲ့နေရာမျိုးမှာသူမနေချင်ဘူး။
ကိုကိုစာဖတ်ခန်းထဲမှာပဲ ကိုကိုစာဖတ်ပြတာကို နားထောင်ချင်တာ၊ဒါက ိုကိုကိုက မသိဘဲ ကျောင်းတတ်ဖို့ပဲပြောနေတယ်။မနက်စောစောထဲက ကျောင်းဝတ်စုံကိုဝတ်ပေးပြီးဒီကျောင်းကိုခေါ်လာခဲ့တာ။ကားပေါ်မှာလဲရှင်းရလီဆိုတဲ့အစ်မကြီးနဲ့ရယ်မောပြီးစကားတွေပြောနေတာ
သူ့ကိုရှိတယ်လို့တောင်မသက်မှတ်ချင်ဘူး။ခုလဲသူတို့နှစ်ယောက်အေးဆေးနေလို့ရအောင် ရိပေါ်ကိုကျောင်းမှာလာထားတာနေမှာပေါ့။စိတ်ညစ်လိုက်တာ..
YOU ARE READING
AUTOPHOBIA (Complete)
Fanfictionအရူး!ဟုတ်တယ် ကျွန်တော်ကအရူး၊ စွန့်ပြစ်ခံရမှာကို သေမတက်ကြောက်နေတဲ့ အရူး ယဉ်ယဉ်လေးရူးနေတဲ့..သူ!!