Unicode
"ကိုကို!"
ကျောင်းရှေ့မှာ သူငယ်ချင်းတွေနဲ့စကားရပ်ပြောနေတဲ့ ကိုကို့ကို လှမ်းခေါ်လိုက်တော့ တည်တည်ငြိမ်ငြိမ် လှည့်ကြည့်လာလေရဲ့....
ထို့နောက် သူ့သူငယ်ချင်းတွေ နဲ့ဘာတွေလှည့်ပြောနေမှန်းတော့မသိ ကျွန်တော်သူတို့နားရောက်တော့ သူ့သူငယ်ချင်းတွေက သွားကုန်ကြပြီ....~~~~~~~~~Hurt~~~~~~~~~
ကားပေါ်တွင် တိတ်ဆိတ်မှုကြီးက ကြီးစိုးလျက်
"ကိုကို"
မနေနိုင်စွာ ရိပေါ် စကားစလိုက်သည်
"အင်း"
အေးတည်အေးစက်ပြန်ဖြေပုံမှာ ခုနက သူငယ်ချင်းတွေနဲ့ ရယ်ရယ်မောမော စကားပြောနေတဲ့ပုံနဲ့ လားလားမျှမတူ
ရိပေါ်သက်ပြင်းချလိုက်မိသည်"ဘာလို့သက်ပြင်းချတာလဲ?"
အေးစက်စက်ထွက်ပေါ်လာတဲ့အသံကြာင့် ရိပေါ် ကိုယ်လေးတစ်ချက်တုန်သွားသည်
"ဘာ..ဘာမှမဖြစ်ပါဘူး"
"မင်းအရွယ်နဲ့ သက်ပြင်းမချနဲ့"
"ဗျာ?"
သူ့ကိုတစ်ချက်မှမကြည့်ဘဲ ကားမောင်းနေရင်း ပြောလာသောစကားကြောင့် ယောင်ယောင်အမ်းအမ်း ပြန်မေးမိလိုက်သည်
"သက်ပြင်းချတယ်ဆိုတာ စိတ်ညစ်စရာရှိမှလုပ်ရတာ မင်းအသက်အရွယ်လေးနဲ့သက်ပြင်းချရလောက်အောင် စိတ်ညစ်စရာကြီးကြီးမားမားတော့ ရှိမယ်မထင်ဘူး"
*aww ကိုကိုရယ် ကျွန်တော့်မှာလည်းစိတ်ညစ်စရာတွေရှိတယ်ဆိုတာပြောပြချင်လိုက်တာ*
စိတ်ထဲမှာအတွေးတွေများနေပေမယ့် အပြင်မှာတကယ်တမ်းပြောလိုက်တာက 'ဟုတ်ကဲ့ ကိုကို'ဆိုတဲ့စကားလေး လေးလုံးပါပဲ
"မင်းလို လိုတရနေတဲ့ဘဝမှာ စိတ်ညစ်စရာ ကြီးကြီးမားမားမပြောနဲ့ သေးသေးလေးတောင်ရှိမှာမဟုတ်ဘူး ဟုတ်တယ်မလား"
ရှောင်းကျန့် ခနဲ့သံနဲ့အတူထပ်ပြီးပြောလိုက်တဲ့ စကားကြောင့် ရိပေါ်တွေတွေလေးဖြစ်သွားသည်
ရှောင်းကျန့်ရော ရိပေါ်ရောက ဆေးကျောင်းသားများဖြစ်ပြီး ရှောင်းကျန့်ကနောက်ဆုံးနှစ် ရိပေါ်ကပထမနှစ် ရှောင်းကျန့်က ကိုယ့်အရည်အချင်းနဲ့ကိုယ် ဆေးကျောင်းရောက်လာတာဆိုပေမယ့် ရိပေါ်ကတော့ထိုသို့မဟုတ်...
ပါးပါးကို ဆေးကျောင်းတက်ချင်တယ်ပြောတာကြောင့် အလွယ်တကူတက်ခွင့်ရခဲ့သည် ရိပေါ်ကရွှေဘုံစံမင်းသားတစ်ယောက်မဟုတ်ပါလား...
ထိုကြောင့်သာ ရှောင်းကျန့် ဒီလိုပြောသည်ဟု ရိပေါ်ယူဆမိသည််...
ရှောင်းကျန့် ဒီလိုပြောရခြင်းအကြောင်းအရင်းအမှန်ကိုတော့ ရိပေါ်မသိခဲ့ပါဘူး...

ESTÁS LEYENDO
~Hurt~(Completed)
FanficUnicode........... ကိုကိုက ကျွန်တော့်အပေါ် အေးစက်စက်နိုင်တယ်.... ကိုကိုက ကျွန်တော့်ကိုတွေ့တိုင်း မျက်နှာတည်တည်သွားတတ်တယ်.... ကျွန်တော်သိပါတယ် ကိုကိုကျွန်တော့်ကိုမချစ်မှန်း.... ကျွန်တော်သိပါတယ် ကိုကို့အတွက် ကျွန်တော်က စိတ်ရှုပ်စရာကောင်းမှန်း.... အချ...