၄၁-၂

19.5K 2K 206
                                    


[Unicode]T/N: Now & Ever ထဲက ဇာတ်ဝင်တေး In your eyes ဆိုတာကို Repeat လုပ် နားထောင်ပြီးရေးထားတာမို့ ဖတ်မယ့်သူတွေလည်း အဲ့သီချင်းလေးကို နားထောင်ပြီး ဖတ်မယ်ဆိုရင် လုံးဝပြီးပြည့်စုံစေရမယ်လို့ အာမခံပါတယ်

.
.
.
.
"မဆိုးပါဘူး ... ဒီအခြေအနေလောက်ဆို နောက်နှစ်မှာ ဆေးပြန်လျော့ရင် လျော့ပေးလို့ရလောက်တယ်"

ကျီရွေ့သည့်ဆေးမှတ်တမ်းကို ထပ်ကြည့်ရင်း သူ့မေးစေ့သူပွတ်လိုက်သည်။

"တော်တော်အံ့သြဖို့ကောင်းတာပဲ ...  ငါက သူ ဒီနှစ်အထိ အသက်မရှင်လောက်တော့ဘူးတောင် ထင်နေတာ  ... ကြည့်ရတာတော့ သူ့နှလုံးနဲ့ Dopamine ဟော်မုန်းအကြား ဆက်နွယ်မှုရှိပုံပဲ"

"Dopamine?"

ကျီရွေ့က နားလည်ရခက်စွာရယ်မောလိုက်ပြီး ရှင်းပြသည်။

"လူတွေရဲ့ဦးနှောက်က လူနှစ်ယောက်အတူဆက်ဆံမှုအကြောင်းကို တွေးလိုက်တိုင်း မျက်လှည့်ဆန်ဆန်အရည်တစ်မျိုးစစ်ထုတ်ပေးလေ့ရှိတယ် ... ဆေးပညာဘက်မှာတော့ အဲ့ဒါက နှလုံးသွေးကြောကျဉ်းတာ သွေးကြောကျယ်တာတွေကိုတားဆီးပေးပြီး နှလုံးခွန်အားကိုတိုးစေတယ်"

လီဆွေ့က အံ့သြတကြီးနားထောင်နေ၏။

"ဒါဆို ဒေါက်တာပြောတာက ... ဟို ... သူနဲ့အတူ ... ဟိုလို ... အတူနေ ... အာ ...အင်း ... ကျွန်တော်ပြောတာက ကျွန်တော်သူနဲ့အတူတူရှိနေပေးရင် သူ့ကျန်းမာရေးအတွက် ကောင်းတယ်လို့ ပြောချင်တာမလား"

"ဒါပေါ့" ကျီရွေ့နောက်လိုက်၏။

"ခန္ဓာကိုယ်က မညာဘူး  ရလဒ်တွေအရဆို သူ့ဦးနှောက်က မင်းအတွက်Dopamine တော်တော်များများ ထွက်ခဲ့ပုံပေါ်တယ်"

ဘာရယ်မဟုတ် လီဆွေ့ရှက်လာသော်လည်း ကျီရွေ့ပြောသမျှကို ဆက်နားထောင်နေသည်။

"နှမြောစရာကောင်းလိုက်တာ ... အရမ်းစိတ်ဝင်စားစရာကောင်းတဲ့လေ့လာမှုမျိုးဖြစ်မှာပဲ ... ငါ့ဆရာရှိနေရင်ကွာ ..."

နှလုံးသားနှင့် ပျိုးထောင်ခဲ့သောWhere stories live. Discover now