"EGOISM"
အပိုင်း ၃"ဘဲကြီး..ဘာပြောလိုက်တာလဲ"
ရိပေါ်ကို ကြွေနေလောက်တယ်ဆိုတာကိုအစောကြီးကတည်းကရိပ်မိပေမယ့် ချက်ချင်းကြီးဖွင့်ပြောလာမယ်မထင်သောကြောင့်
နည်းနည်းလေးတော့ အံသြမိတယ်။
အင်း..အံသြသွားတယ်!!"ဟုတ်တယ် ။ကိုယ်နဲ့မင်း ဆုံတွေ့တာ နာရီပိုင်းလောက်ပဲရှိသေးတယ်ဆိုပေမယ့် ကိုယ်မင်းကို
တကယ်စိတ်ဝင်စားတာ"ယဉ်ကျေးသိမ်မွေ့လွန်းတဲ့မျက်နှာလေးနဲ့မှမလိုက် ရဲရဲတင်းတင်း ပြောရဲသောဒီဘဲကြီးကို ပညာပြသင့်ပြီ။
နီးကပ်သွားတဲ့ မျက်နှာနှစ်ခုကြား
တစ်စင်တီမီတာထုထည်လောက်သာရှိမည့်လေဟာနယ်သာခြားတယ်။ရိပေါ် အရက် လည်းသိပ်မသောက်ထားပါဘူး။
ရိပေါ်ရဲ့မျက်ဝန်းကိုတည့်တည့်မကြည့် ရွေ့လျားနေတဲ့မျက်ဝန်းအိမ်နှင့်အတူ အရှက်သည်းနေတဲ့ဘဲကြီးမျက်နှာက သူမြင်ဖူးတဲ့မိန်းမတိုင်းထက် ပိုလှနေသလိုပဲ။အမှတ်မထင် သတိထားမိခဲ့တဲ့ မှဲ့နက်လေးကိုလက်နဲ့ထိလိုက်တော့ တစ်ချက်တွန့်သွားတယ်။
ဘဲကြီးရာ.....!!
"ကျွန်တော့် ကို သဘောကျတယ်ဆို..အခုလို အရှက်သည်းနေလို့ မရဘူးနော်"
နားနားကပ်ပြီး တိုးတိုးလေးဆိုလိုက်တော့
နီရဲသွားတဲ့ နားရွက်လေးတွေကို အရမ်းသဘောကျတာပဲ။"အ! မကိုက်နဲ့လေ"
အကိုက်ခံရတဲ့နားရွက်ကိုလက်နဲ့ဖိပြီး စူးစူးနစ်နစ်ငေးကြည့်နေတဲ့ ဘဲကြီးကို မျက်ခုံးပင့်ပြလိုက်တယ်။
ဒီအကြည့်တွေမှာ ဟန့်တားမှုနဲ့အမိန့်တွေကို နာခံပစ်လိုက်ချင်ပေမယ့်
ခပ်လွယ်လွယ်တော့ မလိုက်လျောသင့်ဘူးမို့လား!!"ကျွန်တော်က သဘောကျရင် ကိုက်တတ်တယ်၊အကိုက်မခံချင်ဘူးဆို လစ်တော့လေ၊ကျွန်တော်လည်း အိမ်ထဲဝင်တော့မယ်"
ကိုယ်ကို ချာခနဲ လှည့်ပြီးထွက်လာခဲ့တယ်။
စိတ်ထဲကနေ အမှတ်စဉ်ရေပြီး
ခြေလှမ်းသုံးခါရွေ့ပြီးတဲ့အချိန်မှာတော့"ချာတိတ် ကိုက်ရုံလေးပဲလား!!"
ပြီးပြီလေ!!
ဝမ်ရိပေါ်ဆိုတာ လူတွေကိုလွှမ်းမိုးနိုင်တဲ့နေရာမှာ နမည်တစ်လုံးနဲ့ရပ်တည်နေတဲ့ ဘုရင်တပါးပဲ။
ဘဲညိုကြီးလဲ လူထဲက လူပဲဟာ!!