"EGOISM"
"မ...မ.ဖြစ်နိုင်တာ.."
မမျော်လင့်ထားတဲ့စကားသံတွေကိုကြားလိုက်ရတာကြောင့် တံခါးလောခ့်ကိုကိုင်ထားတဲ့ရှောင်းကျန့်ရဲ့လက်တွေကတဆက်ဆက်နဲ့တုန်ရီလာတယ်။ ကားသော့ကျန်နေခဲ့ခြင်းကြောင့် ပြန်ယူဖို့ဝင်လာတဲ့ရှောင်းကျန့်က ကံဆိုးစွာနဲ့ပဲ လန်ကျန့်ပြောတဲ့စကားမှန်သမျှ ၏ သည်မလွဲ ကြားခဲ့ရတယ်။
အိပ်မက်ပဲဖြစ်ပါစေဟုတောင်းဆုပြုပြီး ကိုယ့်အသားကိုယ်ကိုယ်ဆွဲဆိတ်ကြည့်ပေမယ့် နာကျင်မှုဒဏ်ကြောင့် ဒီကိစ္စတွေကအိပ်မက်တစ်ခုမဟုတ်မှန်း ရင်နာနာနဲ့လက်ခံလိုက်ရတယ်။နူးညံသိမ်မွေ့မှု့ဟန်တွေပြည့်နက်ထည်ဝါခဲ့တဲ့လန်ကျန်ကအငြိုးအာဏာဃတွေနဲ့အခြားသူတစ်ယောက်အဖြစ် မယုံနိုင်စရာကောင်းလောက်အောင် ပြောင်းလဲသွားခဲ့ပြီ။
ရှောင်းကျန့် မက်မောတွယ်တာစွာ ယုံကြည်လေးစားခဲ့တဲ့လန်ကျန့်က အခုတော့ သူချစ်ရတဲ့မိသားစုကို ပြိုကွဲအောင်ဖျက်ဆီးပစ်တော့မယ်သူ ဖြစ်နေခဲ့ပြီတဲ့၊ရင်နာဖို့ကောင်းလိုက်တာ။
သောက်ချိုးမပြေတဲ့ ကံတရားက ရှောင်းကျန့်ကို ဘယ်တုန်းကမှမျက်နှာသာမပေးခဲ့ဘူး။
အသည်းပွက်မတက် နာကျင်မှုမှန်သမျှ ရှောင်းကျန့်သာခံစားစေတော့ဆိုတဲ့ ဗျာဒိတ်တော်များ ချရစ်ခဲ့လေသလား။
နာကျင်ခြင်းဆူးမှန်သမျှရှောင်းကျန့်နှလုံးသားကိုသာစူးစေခဲ့တယ်။သွေးရူးသွေးတန်းထွက်ပြေးလာတဲ့ရှောင်းကျန့်ရဲ့ခြေလှမ်းတွေက ဘယ်ဆီကိုဦးတည်လျှောက်လှမ်းနေခဲ့မှန်းမသိတဲ့အထိ သတိလက်လွှတ်ဖြစ်နေခဲ့သည်။
သူကြားခဲ့တဲ့စကားတွေဟာ လေထဲလွှင့်ပျံ့သွားတဲ့ အပြောသက်သက်သာဖြစ်ပါစေဆိုတဲ့တောင်းဆုတစ်ခုတည်းကိုသာရှိသမျှဘာသာတိုင်းကနတ်ဘုရားတွေဆီမှာထပ်ခါတလဲလဲ ဆုတောင်းနေမိတယ်။လန်ကျန့်လို အေးချမ်းတည်ငြိမ်ပြီး နွေးထွေးအေးဆေးလွန်းတဲ့သူကို အခုလို လူဆိုးဖြစ်သွားအောင် ပူလောင်ခြင်းတွေပေးမိခဲ့တဲ့သူက ရှောင်းကျန့်ဆိုတဲ့သူကိုယ်တိုင်ဖြစ်နေခဲ့ခြင်းဆိုတဲ့အတွေးက သူ့ဦးနှောက်ကိုအဆိပ်ခတ်နေတယ်။
သူ့ကြောင့်သာ လန်ကျန့်က အခုလိုပြောင်းလဲသွားခဲ့ရတာ။
ရှောင်းကျန့်ဆိုတဲ့ သူ့ဖြစ်တည်မှုကြောင့် သူသိပ်ချစ်တဲ့သူတွေထိခိုက်နာကျင်ခဲ့ရတာ။
သူမကောင်းခဲ့လို့။ သူမွေးဖွားလာလို့။!