ပြတင်းပေါက်မရှိတာမို့ မဲမှောင်နေတဲ့အခန်းထဲ အသက်ရှူပေါက်ပိတ်ကာ မွန်းကြပ်နေပေမယ့် ရှောင်းကျန့် နေနေခဲ့ရတာ ၃ရက်မကတော့ဘူး။
ဟိုနေ့ကအိမ်အပြင်ခိုးထွက်တာကို မားမားသိသွားတော့သူ့ကိုအပြစ်ပေးတဲ့အနေနဲ့ သူ့ကိုအပြင်မထွက်စေဘဲအခန်းတံခါးပိတ်သော့ခတ်ထားတယ်။
ရှောင်းအိမ်တော်ရဲ့သားသမီးတွေကိုဆုံးမသွန်သင်နည်းကအခြားအိမ်တော်တွေနဲ့မတူဘူး။ရိုက်ခြင်းနက်ခြင်းမရှိပါဘဲ နောက်တခါမလုပ်ရဲအောင် သားသမီးတွေကိုဟန့်တားနိူင်တယ်။
သူ ဒီအခန်းထဲနောက်၃ရက်ထိနေရအုံးမယ်။
ထမင်းစားချိန်ထမင်းလာပို့ရုံကလွဲ သူ့ဆီ တံခါးဖွင့်ပေးမယ့်လူတစ်ဦးတစ်ယောက်မှမရောက်လာဘူး။
အရင်က ကျန်းချန်နဲ့အတူတူ ခိုးထွက်တာမို့ မားမားတို့သိရင်တောင်နှစ်ယောက်အတူတူအခန်းပိတ်ခံရတာမို့စကားပြောဖော်ရှိပြီးမပျင်းရဘူးဆိုပေမယ့် အခုလိုသူတစ်ယောက်တည်းနေရတာကျ ပျင်းရိစရာကြောင်းပြီးချောက်ချားစရာလည်းကောင်းတယ်။
သူကို ဒီအခန်းထဲကလာထုတ်ပေးမယ့် တစ်စုံတစ်ယောက်ကတကယ်ပဲမရှိတော့ဘူးလား။ရှောင်းကျန့် ထောင်ထားတဲ့ဒူးပေါ်မေးလေးတင်ထားပြီး လျှောက်စဉ်းစားနေမိတယ်။
ကျန်းချန်ရော အဆင်ပြေနေရဲ့လား။
ချောင်းထဲကငါးတွေရောသူများတွေဖမ်းလို့ကုန်ပြီလား။
ကျွမ်းပေါင်ရော ဒီအချိန်အရက်ခိုးသောက်နေပြီလား။
သူစိုက်ထားတဲ့အပင်လေးကိုရေရောလောင်းပေးပါ့မလား။
လန်ကျန့်ရော ဘာလုပ်နေမှာလဲ။လန်ကျန့်ဆိုတဲ့အမည်နာမကိုရေရွတ်လိုက်ရုံနဲ့ သူ့ခန္ဓာကိုယ်တစ်ခုလုံးတုန်တုန်ရီရီဖြစ်လာတယ်။
အသက်ရှူမဝသလို၊တဒိုင်းဒိုင်းခုန်လာတဲ့ရင်ဘက်ကြောင့် သူ့ခဏခဏဒေါသထွက်ရတယ်။
သူဘာဖြစ်လို့လန်ကျန့်ကို အဲ့လောက်ကြီးထိကြောက်နေမိတာလဲ။အတွေးတွေလွှင့်နေတဲ့ချိန် အခန်းရဲ့တခါးကိုသော့ဖွင့်သံကြားရတယ်။
ထမင်းစားချိန်တောင် ရောက်နေပြီလား။
ကျွီ!!
ဘေးဘီကိုလှည့်ကြည့်ပြီးမှအခန်းထဲဝင်လာတဲ့အားရီက ရှောင်းကျန့်လက်ထဲခြံတခါးသော့လေးထည့်ပေးတယ်။