UNICODE"ကျန်းချန်ရေ ကျန်းချန် ငါတို့ ချောင်းထဲ ငါးသွားဖမ်းရအောင်"
ဆယ့်သုံးနှစ်အရွယ် ရှောင်းကျန့်လေးက အရမ်းကိုအဆော့သန်တဲ့ မြီးကောင်ပေါက်စကောင်ငယ်လေးဖြစ်ပြီးတော့ ကျန်းချန်ကတော့ ရှောင်းစစ်ဟန်ရဲ့လုပ်ငန်းတွေမှာတောင်ဝင်ရောက်လုပ်ကိုင်နေပြီဖြစ်တဲ့ မာဖီယားပေါက်စလေး။
"မင်းအဖေက မင်းကိုအိမ်ထဲကအိမ်ပြင်ပေးမထွက်ရဘူးတဲ့။အခြေအနေတွေကဘာမှန်းမသိသေးဘူး။အေးဆေးနေစမ်းပါကွာ"
ခုတလော နယ်မြေအရှုပ်အရှင်းကိစ္စတွေကြောင့် ရှောင်းစစ်ဟန်မှာရန်သူတွေဝိုင်းဝိုင်းလည်နေတယ်။
ထို့ကြောင့် သူ့သားကို Hunza မှာ ခဏတိမ်းရှောင်စေတယ်။ကျန်းချန်ကတော့ ဒီမြို့ကို ရှောင်းစစ်ဟန်နဲ့ သုံးခါလောက်ရောက်ဖူးပေမယ့် ခုမှစရောက်ဖူးတဲ့ ရှောင်းကျန့်ကတော့ မြင်သမျှအသစ်အဆန်းတွေဖြစ်နေပြီး အပြင်လျှောက်လည်ချင်တာ ယွပိုးကိုထိုးနေရော။
"ကျန်းချန်ရာ ..ငါအပြင်သွားချင်လို့ပါ။လိမ်မာပါတယ်။
ငါတို့ရုပ်ဖျက်ပြီးသွားရင် ငါတို့ကို ဘယ်သူမှသတိထားမိမှာမဟုတ်ပါဘူးနော်။ လုပ်ပါ ငါ ဒီကိုလာတုန်းကလမ်းမှာချောင်းအကြီးကြီးတွေ့ခဲ့တယ်။ငါးသွားဖမ်းချင်လို့ပါ။လုပ်ပါ"ရှောင်းကျန့်ရဲ့မျက်နှာငယ်လေးနဲ့ပြောနေတဲ့စကားတွေကိုကျန်းချန်မှာလွန်ဆန်နိူင်ဖို့ခွန်အားမရှိတော့ဘူး။
ရှောင်းကျန့်ဆိုတဲ့ကောင်က ကျန်းချန်ကိုဘယ်လိုစည်းရုံးရင်ရလဲဆိုတာကို နောကျေနေအောင် သိနေတော့ သူ့အတွက် အန္တာရယ်မဖြစ်ဖို့ကိုသာ သေချာစီစဉ်ပြီး အိမ်ထဲကနေ ခိုးထွက်လာခဲ့တော့တယ်။ခုရှောင်းကျန့်နဲ့ကျန်းချန်ရဲ့ပုံစံက ရှောင်းအိမ်တော်နဲ့ကျန်းအိမ်တော်ကသခင်လေးနှစ်ပါးဆိုပြီးယုံနိူင်ဖွယ်ရာမရှိ။
မဲညစ်နေတဲ့ စွပ်ကျယ်ချိုင်းပြတ်လေးနဲ့ဒူးလောက်ရှိတဲ့ဘောင်းဘီလေးကိုဝတ်ဆင်ထားကြတဲ့သူတို့နှစ်ယောက်က မသိတဲ့သူဆို လယ်သမားတစ်ယောက်ယောက်ရဲ့သားသမီးတွေလို့ပဲထင်ကြမှာ။