"ဟားဟား ရှူံးပြီ၊Try Again ဆိုတဲ့စာတမ်းကြီးကိုမြင်ပြီးထခုန်တဲ့ရိပေါ်က သတိကြီးစွာပဲ ဘယ်အချိန်ရေသောက်ချင်စိတ်ဖြစ်မလဲစောင့်ကြည့်တယ်။
နိုး!! ရေသောက်ချင်စိတ်က တစ်စက်လေးတောင်ဖြစ်မလာဘူး။
ရှောင်းကျန့်က သူ့ကိုဂျင်းထည့်နေတာ၊ယုံမိတဲ့ရိပေါ်က တကယ်အရူးပဲ၊
နောက်ဆုံးတော့ ဂိမ်းရှူံးတာပဲ အဖက်တင်တယ်။စိတ်တိုတိုနဲ့ ဂိမ်းထပ်ဆော့တော့ ကံတရားက ရိပေါ်ဘက်မပါ။
ထပ်ရှူံးပြန်တယ်။"တောက် ! ချီးလိုပဲ..သောက်ဂိမ်းကရှူံးနေလိုက်!"
စိတ်တိုတိုနဲ့ ရေခဲသေတ္တာထဲကရေဘူးကိုကောက်ယူမော့ပြီးမှ ရှောင်းကျန့်ပြောတာကိုပြေးသတိရတော့ သောက်ထားတဲ့ရေတွေသီးပြီးပြန်ထွက်တယ်။
"အဟွတ်!အဟွတ်"
အဆက်မပြတ်ချောင်းတွေဆိုးနေပေမယ့် ကျိန်ဆဲချင်တဲ့စိတ်တော့မရှိဘူး။
ရိပေါ်က တကယ်ပဲ ဂိမ်းဆော့လို့ရှူံးရင်ရေသောက်တတ်တယ်။
ဒီအချက်ကို ဒီနေ့မှရိပေါ်ကိုယ်တိုင်သတိထားမိတယ်။"ရိပေါ်က ခြေလှမ်းရင် ဘယ်ခြေလှမ်းကို အရင်စ လှမ်းတယ်"
ရိပေါ် ပါးစပ်က တတွတ်တွတ်နဲ့ရွတ်လို့ လမ်းလျှောက်နေရင်းက ကိုယ်လုံးပေါ်မှန်ကိုလှမ်းလှမ်းကြည့်တယ်။
"ဟာ...တကယ်ပဲ ငါက ဘယ်ခြေလှမ်းကိုအရင်စလှမ်းတာပဲ"
မျက်နှာကြီးက ပြုံးပျော်လို့ ခန္ဓာကိုယ်ကြီးက ကုတင်ပေါ် ခွေခနဲလှဲချပစ်တယ်။
မျက်နှာကျက်ဖြူဖြူကြီးကို ကြည့်ပြီး ပြုံးရယ်လို့ပီတိတွေဖြစ်နေတဲ့ ဝမ်ငယ်ကလေး။
"ကိုကို က ငါ့ကို ချစ်တာ၊ လန်ကျန့်နဲ့မတူတဲ့ ဝမ်ရိပေါ်ဆိုတဲ့ငါ့ကိုချစ်တာ"
တအံတသြပြောနေရင်းက ချက်ချင်းထိုင်ပြီး ထပြေးတယ်။