25

5.3K 711 39
                                    

"နောက်တစ်ပတ်ဆို ဆေးရုံကဆင်းလို့ရပြီတဲ့"

ရလီက လန်ကျန်လက်ထဲ သောက်ရမယ့်ဆေးတွေကိုလက်ထဲထည့်ပေးရင်း သတိပေးတယ်။ခေါင်းငြိမ့်ပြလိုက်ကာဆေးသောက်လိုက်ပြီဆိုပေမယ့်လန်ကျန့်ရဲ့ မျက်ဝန်းတွေကတံခါးပေါက်ဆီကိုသာရောက်နေပြီး ရင်းလာမယ့်လမ်းကိုသာမျှော်နေတယ်။
ရင်း သူ့ဆီမလာတာ တစ်ပက်ကျော်သွားပြီ။ရင်း အဆင်ရောပြေရဲ့လား။မိုးမိတာနဲ့ဖျားတတ်တဲ့ချူချာလွန်းတဲ့ရင်းကိုဟိုကောင်ကဂရုရောစိုက်ပါ့မလား။နေမကောင်းဖြစ်တိုင်းအီပြီးချွဲတတ်လွန်းတဲ့ရင်းကို ဒေါသထွက်လွယ်တဲ့ဟိုကောင်လေးကစိတ်ရှည်သည်းခံပေးနိုင်ပါ့မလား။
လန်ကျန့်အတွေးထဲ ရင်းအပေါ်စိတ်မချခြင်းတွေကသာကြီးစိုးနေတယ်။

အခြားသူရဲ့ ရင်ခွင်မှာပျော်ရွင်နေတဲ့ကောင်လေးရေ
ငါ၏စစ်မှန်သောမေတ္တာတရားကြောင့်မင်းအေးချမ်းပါစေ

ရီဝေတဲ့မျက်ဝန်းတွေနဲ့အဝေးကိုငေးနေတဲ့ အစ်ကိုကိုရလီအရမ်းစိတ်ပျက်တယ်။အခုချိန်မှာ လွမ်းဆွေးဝမ်းနည်းနေမယ့်အစား ကိုယ့်ကိုနာကျင်အောင်လုပ်ခဲ့တဲ့သူတွေကို ပိုပြီးနာကျင်အောင်ရက်စက်ပစ်သင့်တာမဟုတ်ဘူးလား။
ရှောင်းကျန့်ရဲ့မျက်ဝန်းတွေထဲကမပြတ်သားခြင်းတွေကို ရှာတွေခဲ့တဲ့ရလီကရိပေါ်ကိုအထိနာစေမယ့်နည်းလမ်းတွေကိုသာရှာဖွေနေတယ်။

အချစ်ကိုတန်ဖိုးမထားတတ်တဲ့လူတွေ အချစ်ကြောင့်အထိနာတဲ့အခါ ဘယ်လောက်ထိပြိုလဲကြမလဲ ရလီအရမ်းသိချင်တာပဲ။

"ကိုကို သတိရနေတယ်ဆိုရင်ဖုန်းဆက်လိုက်ပါလား၊ ရလီမှာရှောင်းကျန့်ဖုန်းနံပါတ်ရှိတယ်"

မျော်လင့်ခြင်းရောင်ခြည်လေးတွေသန်းသွားတဲ့လန်ကျန့်ရဲ့မျက်ဝန်းလေးတွေကကြယ်လေးတွေလိုလင်းခနဲတောက်ပသွားတယ်။သို့ပေမယ့် ချက်ချင်းညိုးကျသွားတဲ့မျက်နှာအနေအထားနဲ့အတူသက်ပြင်းရှည်ကြီးကိုသာမှုတ်ထုတ်ပြီး

"ကိုကိုက ဖုန်းဆက်လိုက်လို့ ရင်းကရောက်မလာဘူးဆိုရင် ကိုကိုပိုပြီးနာကျင်ရမှာ၊ ပြီးတော့ အခု ရင်းက အခြားသူရဲ့...."

EGOISM Where stories live. Discover now