Hunza မှာ ၃ရက်လောက်နေပြီးတော့ ပေကျင်းကိုပြန်လာခဲ့တယ်။
ရိပေါ် က ရှောင်းကျန့်ရဲ့အချစ်ကိုရအောင်ယူမယ်လို့ ကြွေးကြော်ခဲ့သလို ရှောင်းကျန့်အပေါ်မှာလည်း
လိုတာထက်ပိုပြီးကပ်ချွဲလာတယ်။ဟောက်ရွှမ်းတို့ က တားဆီးနေပေမယ့် ရိပေါ်က ဂရုမစိုက်စွာဘဲ ရှောင်းကျန့်ကို တွဲနေတုန်းပဲ။
ရည်စားသက်တမ်း တစ်လအကြာမှာ ပြောင်းလဲသွားတာက ရိပေါ်။
အရင်ကမိန်းခလေးတွေ ထည်လဲတွဲလာတဲ့ ရိပေါ်က မိန်းမလှလေးတွေဘက်ခြေဦးတောင်မလှည့်တော့ဘဲ ရှောင်းကျန့်ရဲ့ ချစ်တယ်ဆိုတဲ့စကားကိုကြားရဖို့သာ လုံ့လစိုက်ထုတ်နေတယ်။ရှောင်းကျန့်ကတော့ ရိပေါ်ကို သူ့ပက်ဝန်းကျင်မှာ သူ့ကောင်လေးအဖြစ်ပွဲထုတ်တက်တယ်။
ဒီလိုအချိန်တွေမှာဆိုရင်တော့ ရိပေါ်က သွားအဖြဲသားနဲ့ပျော်နေတက်တာပေါ့။
ရှောင်းကျန့်က ရိပေါ်ကိုoffical ချမပြလို့လည်းမရတော့ဘူးလေ။
ရိပေါ်က ရှောင်းကျန့်နဲ့အဆက်အသွယ် တစ်ရက်လောက်လေးပျက်တာနဲ့ ပြသာနာတွေတန်းစီရှာထားပြီးပြီ။
ရှောင်းကျန့်ရဲ့ ကုမ္ပဏီမှာလည်း ရိပေါ်ကိုဆို ရှောင်းကျန့်ရဲ့ကောင်လေးမှန်း လုံခြုံရေးကအစ အတွင်းရေးမှူးထိသိနေပြီ။စည်းကမ်းတင်းကျပ်လွန်းတဲ့ Xiao ကုမ္ပဏီကိုဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ရတာ တစ်လောကလုံးမှာ ရိပေါ်တစ်ယောက်ပဲရှိတယ်။
ရှောင်းကျန့်အလုပ်များနေလို့ ဖုန်းမပြောဖြစ်တဲ့အချိန်တွေဆိုရင် ရိပေါ်ကဆိုင်ကယ်တစ်စီးနဲ့ရောက်ချလာပြီး သူ့ကိုပစ်ထားပါတယ်ဆိုပြီးပြသာနာလည်းရှာတတ်သေးတယ်.။
Xiao ကုမ္ပဏီရဲ့အထောက်ပံ့ကိုယူထားတဲ့Wang ကုမ္ပဏီကတော့ သူတို့သားအငယ်ဆုံးကြောင့် xiao လူကြီးမင်းကိုအားနာလှပြီ။ရှောင်းကျန့်ကတော့ ရိပေါ်ပြသာနာတွေရှာလာတိုင်း ပြုံးပြီးသာကြည့်နေခဲ့တယ်။
ရှောင်းကျန့်ရဲ့အမြင်မှာ ရိပေါ်က စတွေ့တဲ့နေတုန်းကလိုတော့ ထင်သလောက်ကြီးဆိုးသွမ်းနေတဲ့လူမဟုတ်ပါဘူးလို့သတ်မှတ်ထားတယ်။ဒီနေ့က ရှောင်းကျန့်ရဲ့ ကုမ္ပဏီ နှစ်ပက်လည်အစည်းအဝေးနေ့ဖြစ်တယ်။ရှောင်းကျန့်ရဲ့ ဖခင်အရင်းဖြစ်တဲ့ ရှောင်းစစ်ဟန် က ကုမ္ပဏီကို လာစစ်ဆေးမယ့်နေ့ဆိုပိုမှန်မယ်။
ပြည်ပမှာပဲနေတဲ့ရှောင်းစစ်ဟန်ကငါးနှစ်ကိုတစ်ကြိမ်တရုတ်ပြည်ကိုပြန်လာတယ်။
ရှောင်းကုမ္ပဏီ အချိန်တိုအတွင်းအောင်မြင်လာတာ ရှောင်းစစ်ဟန်ကြောင့်ပဲဖြစ်သလို ရှောင်းကျန့်ရဲ့ကိစ္စတိုင်းကိုလဲ ရှောင်းစစ်ဟန်ကဝင်ရောက်စွတ်ဖက်လေ့ရှိတယ်။