၄၆

12.4K 2K 219
                                    

[Unicode]"မေမေ" သူ ထပ်အော်ခေါ်လိုက်သည်။

"ဝေးဝေးသွားစမ်း!"

ထိုအမျိူးသမီးက ကလေးခေါ်လိုက်သည့် စကားတစ်ခွန်းကြောင့် ဒေါသထွက်သွားပြီး ကောင်လေး၏လက်ကို ရုတ်တရက်ဆွဲဖယ်ပစ်သည်။

လီဆွေ့လေးမှာ ထိတ်လန့်သွား၏။ သူနောက်ထပ်တစ်ခေါက် ထိုအမျိုးသမီး၏ စကတ်စကို အလျင်အမြန်ဆွဲကိုင်လိုက်သည်။

"မေမေ ... သားကို မထားခဲ့ပါနဲ့"

"ငါ့ကို အမေလို့ မခေါ်ဖို့ ဘယ်နှစ်ခါပြောရမလဲ ... အန်တီလီလို့ပဲ ခေါ်စမ်း!"

ထိုအမျိုးသမီးက ထပ်အော်ပြန်သည်။

လီဆွေ့လေး အရမ်းကြောက်သည်။ ဘာကြောင့်လဲ ... သူ နားမလည်။ သူမသည် လီဆွေ့လေး၏ မေမေဖြစ်လို့ မေမေလို့ခေါ်သည်။ လူတိုင်းမှာလည် မေမေတစ်ယောက်စီရှိကြသည်။ ဘာလို့ သူကျမှ မေမေ့ကို မေမေလို့ ခေါ်လို့မရတာလဲ... သို့သော်လည်း ဘယ်လောက်ပင် တွန့်ဆုတ်နေပါစေ ကလေးငယ်ဟာ ခပ်ရှက်ရှက်နှင့် ပြောင်းလဲခေါ်ဆိုရှာသည်။

"တီတီလီ"

ထိုအမျိုးသမီးသည် စိတ်ကျေနပ်ပုံပေါ်သွားပြီး အိမ်ဘက်သို့ ပြန်လှည့်သွားသည်။ လီဆွေလေးကလည်း သူမနောက်မှ ထပ်ကြပ်မခွာ တကောက်ကောက်လိုက်လာ၏။

ဤနေရာကား ရိုးရာအိမ်ပုံစံဖြစ်ပြီး သစ်သားအဆောက်အဦများကို တစ်နေရာနှင့်တစ်နေရာချိတ်ဆက်ထားသည်။ ကျယ်ဝန်းပြီး ခြံရှေ့မှာတော့ ရေကန်တစ်ခုရှိသည်။ဝအနောက်ဘက်မှာ ဥယျာဉ်ခြံတစ်ခုရှိပြီး အလယ်မှာတော့ လူသုံးယောက်ဖက်စာ ပင်စည်ပတ်လုံးရှိသော သစ်ပင်ကြီးတစ်ပင်ရှိသည်။ ခြံ၏ပတ်ပတ်လည်မှာ မြင့်မားထူထပ်သော သစ်ပင်များပေါက်ရောက်ဖုံးလွှမ်းလျှက်ရှိပြီး ခြံစည်းရိုးတံတိုင်းတွေပေါ်မှာ သံဆူးခွေများတပ်ဆင်ထားသည်။ အပြင်အဆင်အားလုံးသည်ကား ပြင်ပကမ္ဘာလောကကြီးမှ သီးသန့်ခွဲထုတ်ထားသကဲ့သို့ကပင်။

လီဆွေ့လေး လူမှန်းသိတတ်စအရွယ်ကတည်းက ဒီခြံဝန်းကြီးထဲမှာ နေထိုင်ရသည်ကိုမှတ်မိသည်။ အပြင်သို့ ထွက်ခြင်းလည်း ရှ၏။ ရံဖန်ရံခါတော့ အပြင်သို့ထွက်ရပေမယ့် မစ္စတာရှုဆိုသူနှင့်အတူ ကားပေါ်မှာလိုက်စီးရုံသာဖြစ်သည်။

နှလုံးသားနှင့် ပျိုးထောင်ခဲ့သောWhere stories live. Discover now