<<1>>

11.8K 398 23
                                    

Only,only you(Season 2)

                          (1)

       အထိအတွေ့တစ်ခု။ နူးညံ့တယ်။ အဝတ်စတစ်ခုနဲ့ သူ့မျက်နှာနားတစ်ဝိုက်ကို သန့်စင်ပေးနေသလို။

"ရိပေါ်……………"

       ခုနှစ်အိမ်ကြားလောက်သည်အထိ အသံကုန်အော်ကာ ထထိုင်သည်။

"အားရှန့်……အားရှန့်……ဘာဖြစ်လို့လဲဟင်"

       တစ်မိုင်နှစ်မိုင်လောက် ပြေးထားရသူလို ရှောင်ကျန့်တစ်ယောက် မောဟိုက်နေဆဲ။ အသံချိုချိုလေး ကြားလိုက်ရ၍ ဘေးကို ကြည့်လိုက်တော့ သူ့ကိုစိုးရိမ်တကြီး ကြည့်နေတဲ့ မိန်းကလေးတစ်ယောက်။

       မျက်လုံးဝိုင်းဝိုင်းလေးက မျက်ရည်လေးတွေအိုင်လျက်။ သူမအဝတ်အစားတွေ ရှေးခေတ်တရုတ် အဝတ်အစားတွေအတိုင်း။ ဘေဘီကြည့်လိုက်တော့လည်း ရှေးခေတ်အသုံးအဆောင်တွေ။

("ကျန့်ကော……")

        သူ့အတွေးထဲကို ဝင်လာတဲ့ ရုံအယ်အသံ။

("ကျန့်ကောနိုးပြီလား")
("ငါနိုးပြီ …ရိပေါ်……ရိပေါ်ဘယ်မှာလဲ")

("ကျန့်ကောစိတ်အေးအေးထားအခုကျန့်ကောနဲ့ရိပေါ်ကောကဝတ္ထုကမ္ဘာထဲရောက်နေပြီရိပေါ်ကောကမှတ်ဥာဏ်မရှိတော့လို့ညီမဆက်သွယ်လို့ရမှာမဟုတ်ဘူး")
("ငါအခုဘယ်ဇာတ်ကောင်နေရာမှာလဲ")

("သူတို့ကကျန့်ကောကိုဘယ်လိုခေါ်နေလဲ")
("အားရှန့်……")

"အားရှန့်……ဘာဖြစ်လို့လဲ"

       သူမဆီက နောက်ထပ်ထွက်လာတဲ့အသံ။ သူစိမ်းတစ်ယောက်ကို ကြည့်သော အကြည့်တွေ။ စကားမပြောဘဲ ငြိမ်သက်နေသောကြောင့် ထိုမေးခွန်းလေး ထွက်လာခြင်း။

("သူမနာမည်ကကျန်းယန်းယီ…ကျန့်ကောကအခုဝေ့ရင်း ဝေ့ဝူရှန်းနေရာရောက်နေတာဝေ့ရင်းကသူမကိုရှစ်ကျဲလို့ခေါ်တယ်")

       ရုံအယ် ပြောပြခါမှ ရှောင်ကျန့်လည်း တဖြည်းဖြည်းသိလာကာ

"ရှစ်……ရှစ်ကျဲ……"

       ထိုအခါမှ မိန်းကလေးလည်း စိတ်ချသွားဟန် သူ့ခေါင်းလေးကို အသာပွတ်သပ်ရင်း

Only, only you.(S2 Complete) Where stories live. Discover now