<<17>>

2.4K 207 1
                                    

Only,only you (Season 2)

                       (17)

        ရိပေါ်ကလည်း အလိုက်တသင့်လေး ပြန်နမ်းပေးသည်။ ရုတ်တရပ် ဗိုက်ကစူးခနဲ အောင့်လာတာကြောင့် ရှောင်ကျန့် ရိပေါ်နှုတ်ခမ်းကို ကိုက်ခဲလိုက်၏။

"အင့်!"

       ညည်းသံကြောင့် ရှောင်ကျန့် လွှတ်ပေး၍ သူ့ဗိုက်ကိုပွတ်ကာ

"သူငါ့ကိုကန်တယ်......"
"အဲ့ဒါကြောင့်ငါ့ကိုကန်တာလား"

"အင်း"

        ရှောင်ကျန့် ပြုံးဖြီးဖြီးလေး ပြန်ဖြေလိုက်တော့ ရိပေါ်ချစ်ရသူ ဗိုက်ကိုကြည့်ကာ

"မင်းကြောင့်ကျန့်ကောငါ့ကိုကိုက်လိုက်ပြီ....အဲ့တော့မင်းမြန်မြန်ထွက်လာမှဖြစ်မယ်....."
"ဘာလို့လဲ"

"ကျွန်တော်သူ့ကိုပြန်ကိုက်မလို့လေ...."
"အာ....."

         တစ်ယောက်နဲ့တစ်ယောက် ကျီးစားရင်း စမ်းချောင်းနားတစ်ဝိုက် ရယ်သံများ ပျံ့လွင့်သွားလေ၏။ စကားအတော်ကြာ ပြောပြီးသောအခါ ရိပေါ် ရှောင်ကျန့်ကို တွဲကာ ထစေလိုက်သည်။

"အား......"
"ကျန့်ကော......"

         ထအော်လိုက်သော ရှောင်ကျန့် အသံကြောင့် ရိပေါ်ခေါင်းနပန်းကြီးသွားသည်။

"ကျန့်ကော.....ဘာဖြစ်တာလဲ...."
"ဗိုက်ကနာလာတယ်...."

"ဟင်......"

         ဟင်ခနဲ ထူးပြီးနောက် ရှောင်ကျန့် အားကောက်ပွေ့ကာ သချိုင်းတောင်ကုန်းသို့ ပေါ့ပါးစွာ ပြေးလာခဲ့၏။ နာလွန်း၍လားမသိ အဝတ်စတစ်ခုကို ပါးစပ်ထဲ အတင်းထိုးထည့်ထားရှာသည်။

        ဝမ်ချင်ကလည်း လိုအပ်သော ပစ္စည်းများ ယူကာသူတို့အခန်းစီ ပြေးလာ၏။ လမ်းတစ်လျှောက်လို့ ရိပေါ်က ဝမ်ချင်နဲ့ဝမ်နင်အား တစ်လှည့်စီ ခေါ်နေသောကြောင့် အားလုံးလည်း ပျာပျာသလဲတွေ ဖြစ်ကုန်ရသည်။

        ဝမ်နင်က အိပ်ငွေ့အမွှေးတိုင်ကို ခုတင်ခေါင်း၌ ချထားပြီး ခဏကြာတော့ နာကျင်မှုတို့မေ့ကာ ရှောင်ကျန့် အိပ်မောကျသွားလေ၏။ ရိပေါ်ဘေးမှနေ၍ ရှောင်ကျန့်လက်ကို တင်းတင်းဆုပ်ထားသည်။

Only, only you.(S2 Complete) Where stories live. Discover now