<<19>>Final

4.4K 228 12
                                    

Only,only you (Season 2)

                          (19)Final

       လန်ကျန့်နေခဲ့သော တိတ်ဆိတ်ခြင်း ဝါးအိမ်တော်။ ရှောင်ကျန့် ဟိုးနားဒီနား လျှောက်သွားကြည့်ရင်း စစ်ကျွေးတို့နဲ့အတူ ဆော့နေသော ဝမ်ဟူလေးအား တွေ့လိုက်လေသည်။ ဝမ်ဟူလေးက စုတ်တံကို မှင်စွတ်၍ ကျင်းယီမျက်နှာပေါ် လျှောက်ဆွဲနေ၏။

"ဝါး....လှသွားပြီ....."

        ပါးစပ်ကလည်း လျှောက်အော်နေသေးသည်။ ကလေးနဲ့ကျ မစွာတော့ဘဲ ငြိမ်နေသော ကျင်းယီကို ရှောင်ကျန့်အံ့သြမိသည်။ မဟုတ်မှလွဲ ဝမ်ဟူလေးက ပိုစွာလို့များလား။

       ရှောင်ကျန့် လက်နှစ်ဖက်နောက်ပစ်လျက် လျှောက်လာသော ရှောင်ကျန့်ကိုမြင်တော့ ချက်ချင်း မတ်တပ်ထရပ်ကာ

"ဝေ့သခင်လေး....."

       စစ်ကျွေး ခေါ်လိုက်သံကြားတော့ ကျင်းယီနဲ့ဝမ်ဟူ ချက်ချင်းမတ်တပ်ထရပ်ကာ ရှောင်ကျန့်ဘက် လှည့်လာသည်။

"ဝေ့သခင်လေး..... "
"ဖေဖေ......"

       သူ့ဆီ ပြေးလာတဲ့ သားလေးကို ရှောင်ကျန့် ကောက်ပွေ့လိုက်ပြီး

"ဝမ်ဟူ.....မှင်တွေနဲ့ဆော့နေတာလား..."
"ဟဲ....ဟဲ....."

"ဝေ့သခင်လေး..... ဝမ်ဟူလေးကိုမငေါက်ပါနဲ့နော်....ဒီကစားနည်းကကျွန်တော်တို့နှစ်ယောက်ပြောပြလို့ဝမ်ဟူလေးက....."
"ဖေဖေကသားကိုမဆူဘူး....."

       စစ်ကျွေးစကားတောင်မဆုံးလိုက် ဝမ်ဟူက ဝင်ပြောလေ၏။ ဝမ်ချင် ရှောင်ကျန့်အလုပ်လုပ်တာ အလိုမကျလို့ ငေါက်တော့မယ်ဆိုလည်း သူတို့နှစ်ယောက်ကပဲ ဝင်ဝင်ပြောနေတော့ ဝမ်ချင်မှာ အရှုံးပေးရသည်ချည်း။

        ရှောင်ကျန့် ပြုံး၍ သားပါးလေးကို နမ်းလိုက်ကာ

"အစ်ကိုကြီးတွေအပေါ်မဆိုးရဘူးနော်သား...."
"ဟုတ်...."

       ရှောင်ကျန့် ခါးကိုင်ကာ ဝမ်ဟူအား အောက်ချပေးတော့ ဝမ်ဟူလေးက သူ့ဖေဖေပါးကို အာဘွားပေးလိုက်သေး၏။ ထို့နောက် ကျင်းယီဆီပြေးကာ ဆက်ဆော့နေသည်။

"စစ်ကျွေး.....ရှောင်ရိကော....."
"ဆရာနဲ့အတူရှိနေပါတယ်...."

"အော်.....ဟုတ်ပြီ...."

You've reached the end of published parts.

⏰ Last updated: Sep 05, 2022 ⏰

Add this story to your Library to get notified about new parts!

Only, only you.(S2 Complete) Where stories live. Discover now