<<2>>

3.9K 302 6
                                    

Only, only you (Season 2)

                        (2)

       နောက်တစ်နေ့ နံနက်ရောက်တော့ လန်ဂိုဏ်းချုပ်ကို ဂါဝရပြုဖို့ သွားရသည်။ ဝေ့ဝူရှန်းတစ်ယောက် စောစောစီးစီးထကာ ပြင်ဆင်နေ၍ ကျန်းချန်တစ်ယောက်ကတော့ မျက်လုံးပြူးလျက်။ အရင်ပညာသင်ချိန်တုန်းက ဝေ့ဝူရှန်းဆိုတာက နေဖင်ထိုးရင်တောင် မထ ။အမြဲလိုလို ကျန်းချန်နဲ့ရှစ်ကျဲက နှိုးရသည်ချည်းပင်။

       အဝတ်အစား ပြင်ဆင်ပြီး ဖိနပ်စီးနေသော ဝေ့ဝူရှန်းဆီ ကျန်းချန် ပြေးလာရင်း

"ဝေ့ဝူရှန်း……"
"ဟင်"

      ဝေ့ဝူရှန်း မော့ကြည့်လာတဲ့အခါ ကျန်းချန်က

"မင်းမှဟုတ်ရဲ့လား"
"ဘာဖြစ်လို့လဲ"

"မင်းဘယ်တုန်းကပညာသင်တာကိုဒီလောက်စိတ်ဝင်စားသွားရတာလဲ"
"ငါလန်ကျန့်ကိုတွေ့ချင်နေပြီ"

"အာ……မင်းအရင်ကဆိုတိမ်လွှာနန်းမြိုင်တစ်ခုလုံးကိုခုန်ပျံကျော်လွှားသွားနေတာအခုမှဘာထဖောက်တာလဲ"
"တိမ်လွှာနန်းမြိုင်ရဲ့စည်းကမ်းသုံးထောင်ကငါ့ကိုကာထားလို့ပေါ့ကွ……"

       ပြောရင်း ဖိနပ်စီးပြီးသည်နှင့် မတ်တပ်ထရပ်လိုက်သည်။

"ငါသွားနှင့်မယ်နော်……"
"အဲ………"

       ကျန်းချန်စကားကို ဆုံးအောင် နားမထောင်တော့ဘဲ ပြေးထွက်သွားလေ၏။

"ဒီကောင်ဘယ်တုန်းကစည်းကမ်းလိုက်နာသွားတာလဲ……"

                              *****

        နံနက်ငါးနာရီ။
         တိမ်လွှာနန်းမြိုင် တစ်ခုလုံးကို လျှောက်ပတ်သွားကြည့်နေလိုက်သည်။ လမ်းမှာတွေ့သော အခြားဂိုဏ်းက ကျောင်းသားများကလည်း သူ့ကိုနှုတ်ဆက်သည်။ ဝေ့ဝူရှန်းလည်း အလိုက်တသင့်လေး ပြန်နှုတ်ဆက်ရင်း ဟန်မပျက်အောင် ထိန်းရ၏။

        လျှောက်ပတ်သွားကြည့်ရင်း စာကြည့်ဆောင်နား ရောက်လာခဲ့သည်။ မဝင်သေးဘဲ အပြင်ကနေ အသာလေး ချောင်းကြည့်လိုက်တော့ အဖြူရောင်ဝတ်စုံနှင့် လူတစ်ယောက် စာအုပ်စင်နား မတ်တပ်ရပ်လျက် စာဖတ်နေ၏။

Only, only you.(S2 Complete) Where stories live. Discover now