<<15>>

2.4K 197 3
                                    

Only,only you (Season 2)

                       (15)

"တိုးတိုး......"

        စားပွဲထိုးလေးက လှည့်လာ၍ ပြုံးလျက်

"ဖြစ်တက်ပါတယ်ဗျာ.....အိမ်မှာစားနေကျလောက်တောင်ဘယ်နေပါ့မလဲ....သုံးဆောင်ကြပါနော်"
"ဟုတ်ကဲ့.....ကျေးဇူးပါ.... "

        ရှောင်ကျန့်လည်း အားနာနာနဲ့ ပြန်​ဖြေလိုက်ရသည်။ စားပွဲထိုးလေး ထွက်သွားသော အခါမှ

"ရိပေါ်.....သူများရှေ့မှာအဲ့လိုမပြောရဘူးလေ.."
"Why?"

"ကျစ်......စားတော့"
"အင်း....ရော့....."

        အမဲတစ်တုံးကို တူဖြင့်ညှပ်ယူကာ ရှောင်ကျန့် ပန်းကန်ထဲထည့်ပေးလိုက်သည်။ တစ်ချို့သော သူများက ငှဲ့စောင်းကာ ကြည့်လျက်။ ဂရုမစိုက်ပါ။ သူတို့အချစ်က သူတို့အား အပြည့်အဝကာကွယ် ပေးထားတယ်လေ။

"ရိပေါ်လည်းစား....."
"အင်း"

       ရှောင်ကျန့် ထမင်းစားနေသော နေရာက တံခါးဝနဲ့နီးနေရာ အပြင်ဘက်ကို ခေါင်းစောင်းကြည့်လိုက်သည်နှင့် ရှင်းရှင်းလင်းလင်း မြင်ရသည်။ ရှောင်ကျန့် စိုက်ကြည့်နေရာသို့ ရိပေါ်ပါလိုက်ကြည့်မိလိုက်သောအခါ

"ဝမ်နင်......"

        ရှောင်ကျန့် ရိပေါ်ဘက် ပြန်လှည့်၍

"မင်းသူနဲ့ရင်းနှီးလား....."
"နည်းနည်း....."

        ဝမ်နင်က ဟောင်းနွမ်းသော ဝတ်စုံနှင့် ခမောက်ပေါက်ဆောင်လျက် သူယူလာသော မုန်လာဥဖြူတွေကို လမ်းဘေးမှာ ထိုင်လျက် ချရောင်းနေသည်။ ရိပေါ်က အကြံတစ်ခုရသွားဟန် ရေနွေးသောက်ရင်း

"သူလည်းရီလင်းမှာနေနေတယ်ထင်တယ်"
"အင်း"

"ကျွန်တော်တို့သူနဲ့အတူသွားနေရအောင်လေ"
"အာ.....အဲ့ဒါက...."

"သွားရအောင်ပါ.... သူ့လည်ပင်းကိုကြည့်လိုက်...."

       ဝမ်နင်လည်ပင်းက အက်ကွဲကြောင်းများအား မျက်စာပစ်ပြလိုက်ခြင်း။

"သူအဲ့လိုဖြစ်သွားတာကျွန်တော်စိတ်မကောင်းဘူးသူ့အမကောပဲ....သူ့အမကကျွန်တော့်ကိုတစ်ခါကယ်ဖူးတယ်ကျန့်ကော..."
"ဝမ်ချင်က....."

Only, only you.(S2 Complete) Where stories live. Discover now