<<7>>

2.7K 219 3
                                    

Only,only you (Season 2)

                      (7)

      အသံက အာဏာသံပါလှသည်။ မဖတ်ဘဲ ရပ်မြဲရပ်နေသူကတော့ လန်ကျန့်ပေါ့။ ဝေ့ရင်း စာလိပ်ကို ပြန်ပိတ်ကာ လန်ကျန့်ဘက် ခေါင်းလေးစောင်း၍

"လန်ကျန့်……မင်းခေါင်းမူးနေသေးလား"
"မမူးဘူး……"

"ဝေ့ဝူရှန်း………"
"အာ………"

       ဝမ်ချောင် ခေါ်သံကြောင့် ခေါင်းလေး ထောင်လာလေရဲ့။

"လန်ဝမ်ကျီး………ကျင်းဇီရွှမ်း……မင်းတို့သုံးယောက်အရှေ့ထွက်လာပြီးငါ့ကိုစည်းကမ်းချက်ဆိုပြ……"

       ကျင်းဇီးရွှမ်းက ခေါင်းလွှဲလျက်

"ငါမဆိုဘူး……"

       လန်ကျန့်ကလည်း ခပ်တည်တည်ပင်

"ငါလည်းမဆိုဘူး…"

        ဝေ့ဝူရှန်းတို့ ဒုက္ခရောက်ပြီ။ စည်းကမ်းချက်ကို ထွက်ဆိုနိုးနိုး စဉ်းစားနေချိန် ဘေးက ကျန်းချန်ကို ကြည့်လိုက်တော့ မှုံကုတ်လျက် ဘာစကားမှ မပြော။ ဝမ်ချောင် မျက်ခုံးပင့်ကာ မဲ့ပြုံးလေးတစ်ချက် ပြုံးလိုက်ပြီး

"ဘာလဲ……မင်းတို့ကငါတို့ဝမ်ဂိုဏ်းကိုမျက်စိထဲမထည့်တာလဲ……ဝေ့ဝူရှန်း……မင်းကကော……"

"ငါ……"
"မဆိုဘူး……"

       ဝင်ဖြေလိုက်သူက လန်ကျန့်။ အနားနားက လူတွေတောင် အံ့သြသွားရသည်။ ဝမ်ချောင်လည်း အမြတ်ထွက်ကာ သူတို့သုံးယောက်အား စိုက်ခင်းထဲ မြေသြဇာထည့်ရန် ပို့လိုက်လေ၏။

       စိုက်ခင်းထဲ ရောက်သည်အထိ လန်ကျန့်က သူ့ကိုဘာစကားမှ မပြော။ မေးတာလည်း တစ်ခုမှမဖြေ။ သူ့ကလေးလေး တစ်ခုခုဖြစ်နေပြီ အထင်နှင့် ဝေ့ရင်းကတော့ အနောက်ကနေ တကောက်ကောက်လိုက်မြဲ ။

"လန်ကျန့်……လန်ကျန့်……"

'ဖြောင်း'

"အား………"

       ကြာပွတ်ရာတစ်ချက်က ဝေ့ရင်း ကျောပေါ်ကျလာသည်။ လန်ကျန့် ချာခနဲ လှည့်ကြည့်ပြီး နောက်ထပ်ကျလာတဲ့ ကြာပွတ်ကို လက်နဲ့ဖမ်းဆုပ်လိုက်ပြီး စောင့်ဆွဲယူလိုက်၏။

Only, only you.(S2 Complete) Where stories live. Discover now