<<9>>

2.9K 236 10
                                    

Only,only you (Season 2)

                        (9)

        ကျန်းချန်က အော်ပြောလာသည်။ ဝေ့ရင်း ထ၍

"ဝမ်……ရိ………ပေါ်………"

       ကျယ်ကျယ်လောင်လောင် အော်ပစ်လိုက်သည်။ သူ့အိမ်ထဲ လာအော်နေတဲ့ ထိုမျက်နှာဖုံးနဲ့ကောင်ကို ကျန်းချန်ပို၍ ဒေါသထွက်လာ၏။ လန်ကျန့် မျက်လုံးများလည်း တောက်ပလာသည်။

"ကျန့်ကော………"

       နှုတ်ကနေ အသာလေး ရွတ်ဆိုလိုက်တုန်းရှိသေး နောက်ထပ် ဇီထျန်းတစ်ချက်က ဝေ့ရင်းပေါ်သို့။

'ရွှမ်း……'

       ပီချန် ဓားအိမ်ထဲကနေ လွတ်ထွက်သွားပြီး ကျန်းချန်ရဲ့ဇီထျန်းကို ခုခံလိုက်သည်။ ကိုယ်ဖော့သိုင်းဖြင့် ဝေ့ရင်းအနား ရောက်သွား၏။ ပြေးထွက်သွားသော ပီချန်ဓားအိမ်ထဲ ပြန်ဝင်သွားပြီးသည်နှင့် ဝေ့ရင်းဘက် ချာခနဲ လှည့်၍ မျက်နှာဖုံးအောက်က မျက်လုံးတစ်စုံကို မျက်တောင်မခတ် စူးစိုက်ကြည့်နေမိသည်။

        ကျန်းချန်က ဒေါသထွက်ထွက်နဲ့

"လန်ဝမ်ကျီး……မင်းဘာလုပ်တာလဲ"
"သူကလူတစ်ယောက်ကိုရှာနေတာဘယ်သူလဲဆိုကျွန်တော်သိတယ်……"

"အဲ့တော့မင်းကသူ့ကိုခေါ်သွားမလို့လား"
"ဟုတ်တယ်…"

       ယိမ်းယိုင်နေတဲ့ ဝေ့ရင်းကိုယ်ကို လက်မောင်းရင်းကနေ ထိန်းကိုင်ပေးရင်း

"သွားရအောင်……"

        သူတို့နှစ်ယောက် ထွက်သွားတော့ ကျန်းချန် သူ့ရှေ့က လူတွေကို ဆက်၍စစ်ဆေးနေသည်။

                             ******

        ဝါးရိပ်အိမ်တော်
        အိပ်မောကျနေတဲ့ ဝေ့ရင်းကို ခုတင်ပေါ် အသာချပေးလိုက်သည်။ လက်ထဲက ပီချန်းကို ခုတင်ဘေးမှီလျက် ချထားလိုက်ပြီး မိမိရှေ့မှာ အိပ်ပျော်နေတဲ့ လူသားလေးကို အချိန်အတန်ကြာ စူးစိုက်ကာ ကြည့်နေမိ၏။

        သွယ်လျသော လက်ချောင်းလေးတွေက တဖြည်းဖြည်း မျက်နှာဖုံးကို ချွတ်ရန် လှုပ်ရှားလာသည်။ မျက်နှာဖုံးကို ဖြည်းဖြည်းချင်း ခွာယူလိုက်တော့ မျက်နှာဖုံးကို မျက်နှာလေးတစ်ခု။

Only, only you.(S2 Complete) Where stories live. Discover now