<<6>>

2.9K 243 4
                                    

Only,only you (Season 2)

                        (6)

"လန်ကျန့်……"
"အင်း"

"မင်းအဆင်ပြေရဲ့လားမင်းငါ့ကိုစိုက်ကြည့်နေတာအတော်ကြာပြီ"
"မင်းလည်းငါ့လက်ကိုဆွဲထားတာကြာပြီ"

"အော်……"

       ထိုအခါမှ ရှက်ကိုးရှက်ကန်း လက်ကို လွှတ်ပေးလိုက်လေ၏။

"အဟဲ………လန်ကျန့်……ငါလေ"

       ပြောချင်တာကို မပြော နှုတ်ခမ်းလေးကို မပွင့်တစ်ပွင့်နဲ့ လုပ်နေသေးတာ။ ထျန်းဇစ်ရှောက်ကို စားပွဲတင်ထားလိုက်ပြီး လန်ကျန့်ဘက်လှည့်ကာ

"ငါသည်းမခံနိုင်တော့ဘူး"
"ဘာလဲ"

"ရိပေါ်ဘဝမှာတုန်းကမင်းငါ့ကိုဒီလောက်ချစ်တာဘာလို့ဝတၳုရောက်မှဒီလိုပြောင်းလဲသွားရတာလဲစကားပြောတာလည်းတစ်နေ့အလုံး၂၀တောင်မပြည့်ဘူး"

       လန်ကျန့်က နားမလည်သလို ပြန်ကြည့်နေ၏။

"ဘာလဲမင်းကငါချစ်တတ်လာမှသွေးအေးတာလဲ"

       လန်ကျန့်က တိတ်ဆိတ်နေဆဲ။ ဝေ့ရင်း ငါးရှဥ့်ပြုံးလေး ပြုံးလိုက်ပြီး

"မင်းကိုယ်ထဲမှာရိပေါ်ရှိမရှိစမ်းရမယ်"
"စမ်းမယ်"

"အင်း"

       ခါးထောက်ကာ လန်ကျန့်နား တဖြည်းဖြည်းတိုးကပ်သွားသည်။ လန်ကျန့်က ကျောက်ရုပ်လို ရပ်နေဆဲ။ အရပ်ကမကွာသောကြောင့် တစ်ယောက်ကိုတစ်ယောက် တည့်တည့်စိုက်ကြည့်နေ၏။ ခါးထောက်လျက်ကပင် လန်ကျန့် နှုတ်ခမ်းလေးကို ဖိကာ နမ်းလိုက်သည်။

       သုံးစက္ကန့်လောက် ကြာပြီးမှ ပြန်ခွာလိုက်တော့ သူ့ကို တအံ့တသြကြီး စိုက်ကြည့်နေတဲ့ လန်ကျန့်နှင့် မျက်လုံးချင်း ဆုံလေသည်။ ဝေ့ရင်း ပြုံး၍

"ဘယ်လိုခံစားရလဲ…"
"ဝေ့ရင်း……"

       ဘာမှ ထူးခြားမလာ။ အပိုပဲ။ လန်ကျန့်က သူ့ကိုအရင်လို ပြူးကြည့်နေဆဲ။ ပြူးကြည့်မှာပဲလေ မပြောမဆိုနဲ့ သူများနမ်းတာကို။

"မင်းငါ့ကိုစိတ်ဆိုးသွားပြီလား"

       နှုတ်ခမ်းလေးဆူကာ ပြောလိုက်တော့ လန်ကျန့်မျက်လုံးတွေ အရောင်လျှော့သွားသည်။ သိတယ်လေ။ အရင်ကဆို သူနှုတ်ခမ်းလေး ဆူလိုက်တာနဲ့ ရိပေါ်ပျော့သွားတတ်တယ်ဆိုတာ။ ဟူးခနဲ သက်ပျင်းချကာ ထျန်းဇစ်ရှောက်ကို လှမ်းယူမယ်လုပ်တော့ လန်ကျန့် သူ့လက်ကို စောင့်ဆွဲလိုက်သည်။

Only, only you.(S2 Complete) Where stories live. Discover now