<<18>>

2.4K 194 4
                                    

Only,only you (Season 2)

                        (18)

        ရီလင်းမြို့။

"ဦးလေး.....ကျွန်မတို့ကိုနွားနို့ရောင်းလို့ရမလား"

        ရီလင်းမြို့စွန်ရှိ အိမ်ကလေးဆီမှ ထွက်လာသံ။ နွားတင်းကုတ်လေးထဲ အသက်၅၀အရွယ် အမျိုးသားတစ်ယောက်က နွားများအတွက် မီးဖိုပေးနေရာ မိန်းကလေးတစ်ယောက် အသံကြောင့် မော့ကြည့်လိုက်မိသည်။

        မိန်းမလှလေးတစ်ယောက်။ သူ့ဘေးတွင်လည်း ကလေးတစ်ယောက်လို မျက်နှာနဲ့ လူငယ်လေးကလည်း ပါလာ၏။ ထိုလူကြီးက မတ်တပ်ထရပ်လာ၍

"ဒီအချိန်ကြီးလာဝယ်ရတယ်ဆိုတော့အရေးကြီးလို့ဖြစ်မယ်...."

       ဝမ်ချင်ပြုံး၍

"ဟုတ်ပါတယ်.....ရမလားနော်..."
"ရပါတယ်.....ခဏစောင့်....."

        နွားနို့တွေကို သားရေအိတ်ထဲ ထည့်၍ ယူလာသော အမျိုးသားဆီက နွားနို့ကိုဝမ်ချင်က ယူလိုက်ကာ ငွေစတစ်ချို့ပေးလိုက်သည်။ မိမိတို့မှာလည်း လူမြင်ကွင်းမှာ ကြာကြာနေလို့ မဖြစ်သောကြောင့် မြန်မြန်သာ ပြန်ထွက်လာခဲ့၏။

        ရီလင်းမြို့ထဲ လျှောက်ဝင်လာခဲ့စဥ် ဝမ်နင်က တစ်ခုခုကို သတိရသွားဟန်ဖြင့် ပိတ်ရောင်းသူ ဆိုင်သိမ်းနေသည်ကို ပြေးဝင်သွားသောကြောင့် ဝမ်ချင် အပြင်ကနေသာ စောင့်နေခဲ့သည်။ ရုတ်တရပ် ကျင့်ကြံသူတစ်ယောက်သည် ကြောက်လန့်တကြား ပြေးလာပြီး သူမကို တိုက်ထုတ်သွားရာ ဝမ်ချင် ထိုနေရာမှာပင် ခွေလဲကျသွား၏။

        လွင့်သွားသော နွားနို့ဘူးကို အသဲအသန်လှမ်းကောက်ပြီး ဘေးခဏချထားလိုက်သည်။ လက်မှာပေကျံနေတဲ့ ဖုန်မှုန့်တို့ကို ခါရင်း ခေါင်းစွတ်ကို ပြန်စွတ်နေချိန် တစ်နေရာကနေ သူမကိုကြည့်နေသူတစ်ယောက်အား အမှတ်မထင် တွေ့လိုက်ရ၏။

        ဝမ်ချင် ဂရုမစိုက်နေတော့ဘဲ နွားနို့ဘူးကို ကောက်ယူကာ ထလိုက်တော့ ထိုလူက သူမရှေ့ရောက်နေပြီ။

"ဝမ်မိန်းကလေးပဲ.....အဆင်ပြေရဲ့လား...."
"ကျန်းဂိုဏ်ချုပ်ကိုး.....ကျွန်မအဆင်ပြေပါတယ်..."

Only, only you.(S2 Complete) Where stories live. Discover now