ကျင်းကွမ်ယောင် အိမ်ကို ပြန်ရောက်သည်နှင့် ဧည့်ခန်းထဲက ရယ်သံအချို့ကြောင့်ခြေလှမ်းဟာ တုန့်ခနဲပင်
ပါးရဲ့ ရယ်သံများသည် တော်တော်လေးပျော်နေပုံရသည် တံခါးလေးကို မှီကာ နားထောင်မိသည် ထို့နောက် ရင်ထဲမှလည်း^ကျွန်တော်ကိုရော ဘာကြောင့် အဲလိုမရယ်ပြတာလဲ ပါးရယ်^ ဟု ညည်းမိသည်
သူဘဝမှာ *ပြန်ရောက်ပါပြီး* ဟုပြောရင်တောင်ကြိုဆိုပေးမည့်သူ မရှိချေ မိသားစုထမင်းစားဝိုင်းတွင်သူ မပါခဲ့ အိပ်ကပ်ထဲကမြည်လာသော ဖုန်းသံကြောင့်
မုန့်ယောင် ခပ်မြန်မြန်ကိုင်လိုက်သည် သူတံခါးဝမှာ ရှိနေတာဘယ်သူကိုမှ အရိပ်မမိစေချင်ပါ ထိုကြောင့်အိမ်ပြင်သို့ထွက်လာခဲ့လိုက်သည်"Wei~~~ရွယ်ယမ် "
"..........."
"ငါအခုအဲ့ကိုလာခဲ့မယ်"မုန်ယောင် ကားတံခါးဆွဲဖွင့်ကာ ရွယ်ယမ်ခေါ်သောနေရာသို့
သေနတ်ပစ်ကွင်းတွင် ကျည် အပြည့်ဖြည်ကာ Target ကို တစ်စိုက်မက်မက်ပစ်နေသော ရွယ်ယမ်
ဝူမင်လည်း ထိုနည်းတူစွာပင် ဗဟို အမှတ်ကို ထိရန်သဲကြီးမဲကြီးပစ်နေသည်
ကျင်းကွမ်ယောင် နောက်မှရောက်လာသောလည်း သေနတ်တစ်လက်ဆွဲယူကာ ရွယ်ယမ်နှင့် ဝူမင်နည်းတူ ပစ်နေသည် ပစ်ချက်တိုင်းသည်ကြောက်စရာကောင်းလောက်အောင်မလွဲပဲထိနေသည်"ကော အိမ်မှာဘာဖြစ်လာတာလဲ"
ရွယ်ယမ် ကျည်ဖြည့်ရင်း လှမ်းမေးလိုက်သည် ဝူမင်ကတော့ ပစ်လို့ကောင်းတုန်း ကျင်းကွမ်ယောင် က သေနတ်ကို လက်နှစ်ဘက်ကိုင်ထားရမှ တစ်ဖက်ထဲပြောင်းကိုင်ကာ သေနတ်ကိုစောင်းပြီး ပစ်မှတ်ဆီသို့
”ဒိုင်း” ဗဟိုဖြတ်ဝင်သွားသော ကျည်ဆံနှင့်အတူ အပြုံးမမည်သော အပြုံးတို့ကို ရွယ်ယမ်မြင်တွေ့လိုက်ရသည် ထိုကြောင့် ဝူမင်ကို ဘီယာသွားဝယ်ခိုင်းလိုက်တော့သည်
YOU ARE READING
My doll(Z+U)
Mystery / ThrillerZaw Gyi အချစ်က ချိုမြိန်မှုလား ခါးသက်မှုလား..... Psycho ဆန်မှာပါနော် ... သွေးထွက်သံယို တွေပါမှာ အသည်းငယ်သူများမဖတ်ရပါ Uni အချစ်က ချိုမြိန်မှုလား ခါးသက်မှုလား..... Psycho ဆန်မှာပါနော် ... သွေးထွက်သံယို တွေပါမှာ အသည်းငယ်သူများမဖ...