အ​မှောင်​​ကျ​သော ​နေ့စွဲ နှစ်

1.6K 84 2
                                    

မှောင်​ပိန်း​နေတဲ့ အခန်းငယ်​​လေးထဲမှာ သူတစ်​​ယောက်​ထဲ မ​နေ့က ​မေ့​ဆေးအရှိန်​​ကြောင့်​ ​ခေါင်းဟာ ထိုးခနဲ ကိုက်​လာသည်​ လက်​မှာ ခတ်​ထားတဲ့ လက်​ထိပ်​များ​ကြောင့်​ လက်​​ကောက်​ဝတ်​ ပြုတ်​လုမတတ်​ နာကျင်​​နေသည်
နေ့လားညလား သူမသိ...အခန်းက ​လေဝင်​ရုံ​လေသာ...

တံခါးမှ ဂျက်​ဖွင့်​သံသူကြားလိုက်​သည်​ ပြန်​အိပ်​​နေရန်​စဉ်းစားမိ​သောလည်း.....

"နိုး​နေတာ ငါသိတယ်​"

ဟူ​သော အသံ​ကြောင့်​ ကုတင်​​လေး​ပေါ်တွင်​ထိုင်​ကာ..

"ငါ..ဘာအမှားလုပ်​မိလို့လဲကွာ"
"ငါ​ပြောပြီးသားပဲ မင်းမမှားပါဘူး...မင်းဦး​လေးမှားတာ"
"ငါ...နဲ့...ဘာဆိုင်​.."
"မင်း ဗိုက်​ဆာ​နေလား "
"ငါ."
"ငါ​မေးတာပဲ​ဖြေ ​ရှောင်​ရှင်းချန်း !"

ခပ်​မာမာ​လေသံနှင့်​အတူ ​ကွေးညွှတ်​သွား​သော မျက်​ခုံးတစ်​စုံ​ကြောင့်​ ရှင်းချန်းလန့်​မိသည်
သူဘာမှမစားရ​သေးတာ ဘယ်​နှစ်​နာရီရှိ​နေမှန်းသူမသိ...
ဗိုက်​ထဲက ဂွီခနဲ ပင်

"ငါထင်​သားပဲ...ခဏ​စောင့်​.."

ဟုဆိုကာ အခန်းက​နေထွက်​သွား​သော ရွယ်​ယမ်​ရဲ့​ကျောပြင်​ကို တ​မေ့တ​မော ​ငေးကြည့်​မိသည်

^ဘာအပြစ်​​တွေများ လုပ်​မိထားလို့လဲ ရွယ်​ယမ်​ရာ^

############################
########################################################

ဘုန်း.....

ပစ်​ချလိုက်​​သော ဖိုင်​တွဲ ၏ အသံမှာ ကျယ်​​လောင်​စွာထွက်​​ပေါ်လာသည်

"ဒီ ဝမ်​ groupက​တော့ကွာ....."
"ပါး..စိတ်​​လျှော့ပါ အခုဟာက.."
"ကျင်းကွမ်​​ယောင်​ မင်း ပါးစပ်​ပိတ်​ထား..မင်းကို ငါ..ဘာ​ပြောထားလဲ အဲ့ ပါမစ်​ရ​အောင်​ယူပါဆိုတာ"
"ပါး...ကျွန်​​တော်​"

စကားပင်​ မဆုံး​သေး ပစ်​​ပေါက်​လိုက်​​သော ဖိုင်​တွဲ​ကြောင့်​ ကျင်းကွမ်​​ယောင်​ ရဲ့ ပါးတွင်​ခြစ်​ရာ​သေး​သေး​လေးဖြစ်​သွားသည်
ထိုချိန်​ဝင်​လာ​သော အတွင်​​ရေးမှူးနှင့်​ ပါးရဲ့ ချစ်​လှစွာ​သော သား ကျင်းဇီရွမ်း
ပါးက​တော့ သူကိုရှိတယ်​လို့ပင်​ မထင်​​တော့ ကျင်းဇီရွမ်း က​တော့ နည်းနည်း​တော့ အားနာဟန်​​ပေါက်​​ပေမယ့်​လည်း သူလို မာနမင်းသားက အကြာကြီး​တော့မဟုတ်

My doll(Z+U)Where stories live. Discover now