ညှီစွေ့စွေ့ သွေးနံ့..အေးစက်သော လေထု..... နာကျင်နေသော ခန္ဓာကိုယ်..... ကိုက်ခဲနေသော ခေါင်း.....
မျက်လုံးစည်းထားသောကြောင့် ဘာမှမမြင်ရချေ ထို အပြင် လက်တို့ကို တုပ်နှောင်ထားသော ကြောင့် လှုပ်ချင်တိုင်းလှုပ်လို့မရတော့ချေ......"နှိုးလာပြီးလား"
ခပ်အေးအေးနှင့် သြဇာပြည့်သော လေသံမျိုး......
"အိုက်ယား ငါက ပျင်းနေတာ..မင်းနှိုးလာတော့ ဆော့လို့ရတာပေါ့"
"မင်း...မင်း...ဘယ်...သူလဲ....ငါ...ဆီ...က....ဘာလို...ချင်...လို့လဲ"
"Hk....ငါ...လား....ဘာမှမလိုချင်ပါဘူး.."
"ငါတို့...ဘာရန်ငြိုးရှိလို့လဲ"
"ရန်ငြိုး...ဒါ ငါမသိဘူး...ငါတာဝန်က မင်းကို စောင့်ကြည့်ဖို့"
"ငါ...တောင်ပန်းပါ တယ်ကွာ...ငါ..ငါကို...လွှတ်ပေးပါ"တစ်ခါမှ တောင်းပန်းမခယဖူးတဲ့ ရှင်းချန်းတစ်ယောက် မမြင်ရသော ထိုသူကို တောင်ပန်းကာ ပြန်လွှတ်ပေးရန် ထပ်ခါထပ်ခါပြောနေမိသည်.....
"မင်း...အရမ်းစကားများတာပဲ"
အားနှင့် ပါးကို လွှဲရိုက်မည်အပြု
"ဝူမင်!!!!"
"သခင်လေး"ဝူမင်တစ်ယောက် အနောက်ကို လှည့်ကြည့်ကာ ခေါင်းငုံ့ အရိုအသေပြုလိုက်သည်....
"ဒီကိစ္စက မင်းနဲ့ မဆိုင်တော့ဘူး..အကိုဆီသွားလိုက် မင်းကို ခိုင်းစရာရှိတယ် "
"ဟုတ် သခင်လေး"ရှင်ချန်း တစ်ယောက်ထို အသံကိုကြားဖူးနေသည် ဘယ်သူမှန်းသေချာမသိပေမယ့် သူသိတဲ့ လူတစ်ယောက်ရဲ့ အသံမျိုးပင်
"ရှောင်ရှင်းချန်း........ နှိုးလာပြီးပဲ"
မျက်လုံးစည်းကို ဖြည်းဖြည်းချင်း ဖြည်ပြီးနောက် ပေါ်လာသော မျက်နှာကြောင့် ရှင်ချန်း ဆွံအကာ စကားများအထစ်သွားသည် မဲ့ပြုံးဖြင့် ကြည့်နေသော သူသည် တကယ်ကို နတ်ဆိုး တစ်ပါး ဝင်ပူးထားသလားလို့ပင်ထင်မိသည်
YOU ARE READING
My doll(Z+U)
Mystery / ThrillerZaw Gyi အချစ်က ချိုမြိန်မှုလား ခါးသက်မှုလား..... Psycho ဆန်မှာပါနော် ... သွေးထွက်သံယို တွေပါမှာ အသည်းငယ်သူများမဖတ်ရပါ Uni အချစ်က ချိုမြိန်မှုလား ခါးသက်မှုလား..... Psycho ဆန်မှာပါနော် ... သွေးထွက်သံယို တွေပါမှာ အသည်းငယ်သူများမဖ...