ထင်​မှတ်​မထားခြင်း

1.5K 57 5
                                    

ရှင်​ချန်းနဲ့စုန်​လန်​ စက်​ဘီး တစ်​စီးထဲ အတူတူ စီးကာ​ကျောင်းသို့​ရောက်​လာခဲ့ကြသည်​ ​ကျောင်း​ရှေ့တွင်​ ရဲကားများ​တွေ့လိုက်​ရ​သော​ကြောင့်

"​ကျောင်းမှာ ဘာဖြစ်​လို့ပါလိမ့်​"

ရှင်းချန်း စက်​ဘီးထား​နေ​သော စုန်​လန်​ကို မ​စောင့်​ဘဲ ​ကျောင်းထဲဝင်​လာခဲ့သည်

"လုပ်​ချလိုက်​ပြန်​ပြီး"

ကျောင်းအုပ်​ကြီးတစ်​​ယောက်​​​ ​ကျောင်း​ရှေ့၌​ခေါက်​တုံ့​ခေါက်​ပြန်​​လျှောက်​ကာ ​ခေါင်းခါ​နေမိသည်
အ​ကြောင်းကား ရွယ်​ချန်းမိန်​ တစ်​​ယောက်​ ဆရာတစ်​​ယောက်​ကို ရဲလက်​အပ်​လိုက်​သည်​တဲ့လား ဘယ်​လို​တောင်​ ​အတင့်​ရဲချက်
ကျောင်းဝန်းထဲသို့ Audi Sport type အဝါ​ရောင်​တစီး ထိုးရပ်​လိုက်​သည်​ ထိုသူက အခြား​တော့မဟုတ်​ ကျင်းဇီရွမ်းပင်
အရင်​​ရောက်​နှင့်​လာ​သော ကျင်းဇီရွမ်းက​တော့ မထူးဆန်း​တော့တဲ့ပုံဖြင့်​ ​ကျောင်းအုပ်​အားတစ်​ချက်​ကြည့်​ကာ ​ကျောင်းခန်းထဲသို့ဝင်​ရန်​ပြင်​လိုက်​သည်

"e ကျင်း သခင်​​လေး "

သမင်​လည်​ပြန်​ ကြည့်​လာ​သော ကျင်းဇီရွမ်း၏ အကြည့်​များသည်​ ​လောကတစ်​ခွင်​ သူလုပ်​စာစား​နေရသည့်​ အကြည့်​မျိုးပင်​ ​ကျောင်းအုပ်​​တောင်​ စကားတစ်​လုံး​ပြောဖို့​တော​တော အားယူလိုက်​ရသည်

"ရွယ်​ချန်းမိန်​ ဘယ်​မှာလဲဟင်​" တုန်​တုန်​ရီရီ ​မေး​နေ​သော ​ကျောင်းအုပ်

မကြာပါ ​နောက်​ထပ်​ဝင်​​ရောက်​လာ​သော အမည်း​ရောင်​ audi Sport typeကားတစ်​စီး

"မြင်​တယ်​မဟုတ်​လား ​ပြောစရာလို​သေးလား"
"ရပါပြီး ကျင်းသခင်​​လေး စာသင်​ခန်းထဲ
အေး​ဆေးသွားပါ"

ကျင်းဇီရွမ်းဘာမှမ​ပြော​တော့ဘဲနဲ့ ​ကျောင်းခန်းထဲသို့ ဝင်​သွား​တော့သည်​ အ​ခြေအ​နေကို​စောင့်​ကြည့်​​နေကြ​သော ​ကျောင်းသား​ကျောင်းသူများမှာ စုအုံ​ရောက်​ချလာသည်
ရှင်းချန်း ရုတ်​တရက်​ စိတ်​ပူသွားသည်​ ဘာ​ကြောင့်​မှန်း​တော့မသိ
ရွယ်​ယမ်​ရဲ့ ပုံစံက​တော့ သိ​နေပြီးသား ကိစ္စ တစ်​ခုကို ဘာအ​ကြောင်း​ကြောင့်​ လာ​မေး​နေရတာလည်းပုံစံမျိုးပင်

My doll(Z+U)Where stories live. Discover now