Extra (1-3)

34K 2.1K 136
                                    

[Unicode]T/N: ရှေ့ပိုင်းတွေထက် နည်းနည်းလေးပိုကြမ်းတာမို့ ... ... အဲ့ဒါကြောင့် အသက်မပြည့်ဘဲ မဖတ်ရပါဘူး... လိမ္မာရပါမယ်

.
.
.

"လေ့ကျင့်ခန်းတစ်ပွဲလောက်လုပ်ကြရအောင်"

လီဆွေ့သည် လုရှန်းအပေါ်သို့ ခုန်အုပ်လိုက်၏။ ရုတ်တရက်မို့ လုရှန်း၏ နဖူးက သူ့မေးစေ့နှင့်ဆောင့်မိသွားသည်။

"ဆောရီး ...နာသွားလား"

လီဆွေ့ အလျင်စလို လုရှန်း၏နဖူးကိုကြည့်လိုက်၏။ သို့သော် သူ့လက်က နဖူးကို မရောက်သေးခင်မှာပင် လုရှန်းက ဦးစွာ သူ့မေးစေ့ကို ပွတ်သပ်ပေးလိုက်၏။

သူ လီဆွေ့၏ဖြစ်အင်ကို ရယ်လိုက်ရင်းပြောသည်။

"လူကြီးဖြစ်နေပြီ ... ခုထိ လိမ္မာပါးနပ်မှုမရှိသေးဘူး ... ခွေးပေါက်လိုပဲ ... လူတွေ့တာနဲ့ အမြဲအဲ့လိုပဲ ခုန်ခုန်အုပ်နေတော့မှာလား"

"ကျွန်တော်က ခင်ဗျားကိုတွေ့မှ ခုန်အုပ်တာ ... ကျွန်တော့်အိမ်သူလေးမို့လို့"

ထို့နောက် လီဆွေ့က သူ့ကိုယ်သူလက်ညှိုးထိုးပြရင်း အရိပ်အမြွက်ပေးသည့်စကားဆို၏။

"ပြီးတော့ ကျွန်တော့်ရဲ့ဘယ်နေရာကများ သေးနေလို့လဲ"

သူဋ္ဌေးလုသည် သူ့ကိုကြည့်ရင်း တံတွေးကို ခိုး၍မြိုချလိုက်ရသည်။

လီဆွေ့ ခပ်သွက်သွက်ပဲ ခုံနောက်ဘက်ကို ညှိလိုက်ပြီးနောက် လုရှန်းခုံဘက်သို့ ကူးသွားသည်။ လုရှန်းကို သူ့ပေါင်ပေါ်တင်ကာ လုရှန်းနှင့် မျက်နှာချင်းဆိုင်ထိုင်လိုက်သည်။ ထို့နောက် လက်နှစ်ဖက်လုံးနှင့်တင်းကြပ်စွာ စိတ်ကျေနပ်သည်အထိ ပွေ့ဖက်ထား၏။

"အဖေနဲ့ နေ့လည်စာစားချိန်ကတည်းက ခင်ဗျားကို ဖက်ထားချင်တာ"

"ဦးလေး အရမ်းလန့်သွားပါဦးမယ်"

လုရှန်းက ညင်သာစွာရယ်လိုက်သည်။

"လုရှန်း ...ကျွန်တော့်အဖေအတွက် လုပ်ပေးခဲ့တာတွေအားလုံးအတွက် ကျေးဇူးတင်ပါတယ်"

လီဆွေ့က နောက်အနည်းငယ်ဆုတ်၍ အလေးအနက်ထားပြောလိုက်၏။

အစက လုရှန်း သူ၏အဆက်အသွယ်အချို့ကို သုံး၍ လီဆွေ့အဖေနှစ်လျော့အောင် လုပ်ပေးသည်ကို သိလိုက်ရသည့်အခါ လီဆွေ့အတော်လေး အံ့သြမိသည်။ သူ့အဖေ၏ မူလပြစ်ဒဏ်နှစ်များကို ရေတွက်ရင်း မည်သူများကြားဝင်ခဲ့သလဲ တွေးမိသည်။ တကယ်ကြားဝင်ပတ်သတ်ခဲ့သူမှာ လုရှန်းကိုယ်တိုင်ဖြစ်နေမှန်း သူမသိခဲ့ပေ။ ပြီးတော့ လုရှန်း ထိုကိစ္စလုပ်ပေးခဲ့တုန်းက သူတို့တွဲတောင်မတွဲကြသေးပေ။

နှလုံးသားနှင့် ပျိုးထောင်ခဲ့သောWhere stories live. Discover now