TODAY!

11.2K 464 14
                                    


ကျွီ!!!

တံခါးဖွင့်သံနှင့်အတူ ခေါင်းလောင်းကလေးရဲ့ အသံပါတဆက်တည်း မြည်လာသည်။ တံခါးပြန်ပိတ်သည့်အသံနှင့် ခေါင်းလောင်းသံ ထပ်မြည်မည့်အချိန်ကို နားစွင့်နေပေမဲ့ တော်တော်နှင့်မြည်မလာခဲ့။

ဘယ်နှစ်ယောက်တောင်ဆိုင်ထဲဝင်နေတာလဲ။

ကျောခိုင်းထားသော တံခါးမှ ဆိုင်အတွင်းသို့ လူတရုန်းရုန်း ဝင်လာပြီး ကျယ်လောင်နေသည့် ခြေသံများကို ကြားနေရသည့်တိုင် အရှေ့က အငွေ့မထွက်တော့သည့် Latte coffee ခွက်ကိုသာ စူးစိုက်ကြည့်ရင်း လေးကန်စွာ ပြုံးမိနေခြင်းကို မရပ်နိုင်သေး။ ခြေသံတွေပိုနီးလာတော့ ကြားရသည်ဆိုရုံ လေသံဖြည်းဖြည်းနှင့် နွမ်းလျစွာရယ်လိုက် မိသည်။

"Lalisa လားမသိဘူး"

စားပွဲဘေး၌ ရပ်မေးလိုက်သည့်အသံက နှုတ်ခမ်းပေါ် ကျန်နေသည့် အပြုံးအစအနတချို့ဆက် မရှိတော့ဖို့ တိုက်တွန်းလိုက်သလို။

"ဟုတ်ပါတယ်"

နာကျင်ပူရှနေသည့် မျက်လုံးတွေကို မှိတ်ပစ်လိုက်တော့ လက်ဖမိုးပေါ် ခပ်ပူပူမျက်ရည်တစ်စက်ကျလာသည်။ မျက်နှာချင်းဆိုင်ရှိ ခုံလွတ်ကို မျက်ရည်ကြားမှ ကြည့်နေပေမဲ့ ရှင်းလင်းပြတ်သားစွာ မြင်နေရဆဲ။ ထို့နောက် တိုးလျ၊နာကျင်စွာဖြင့် နာမည်တစ်ခုကို ခေါ်မိသည်။

"Jane..."

•••

-လွန်ခဲ့သော၅နာရီခန့်-

(Jane မှ lili သို့)

"အရေးကြီးတဲ့ တစ်စုံတစ်ခုကို မစွန့်လွှတ်နိုင်သူတွေဟာ တစ်ခုခုပြောင်းလဲဖို့ ဘယ်တော့မှ မျှော်လင့်လို့ ရမှာမဟုတ်ဘူး"

ဒီတခါနဲ့ဆို ဒီစာအုပ်ကို ဖတ်တာ၅ကြိမ်မြောက်ရှိပြီ။လွန်ခဲ့တဲ့၃နှစ်က Jane လက်ဆောင်ပေးထားခဲ့တာ။

စာအုပ်နောက်ဆုံးက သူ့လက်ရေးနဲ့ရေးပေးထားတဲ့ ထိုစာသားကို ဖတ်ချင်လို့ ခဏခဏ ပြန်ဖတ်ဖြစ်နေတဲ့ စာအုပ်။

တစ်ညလုံး အိပ်မထားရလို့ ထုံထိုင်းပြီး ညည်းစီစီဖြစ်ရမဲ့အစား မျက်လုံးတွေရော စိတ်တွေကပါ တက်ကြွနေသည်။ တချက် တချက် မိုးခြိမ်းသံခပ်သဲ့သဲ့ ကြားနေရတော့ တညလုံးထိုင်နေခဲ့သည့် ထိုင်ခုံပေါ်က ထရင်း ရေရွတ်မိလိုက်သည်။

A Last JigsawWhere stories live. Discover now