ဘာမှပေးစရာမလိုတဲ့ စိတ်ကူးတွေမှာ Jane ရဲ့လက်ဖဝါးသေးသေးကလေးတွေကို ဘယ်လိုအချိန်မျိူးမှာမဆို ဖမ်းဆုပ်ထားနိုင်ခဲ့တယ်။ တစ်စုံတစ်ယောက်ကတော့ စိတ်ကူးယဉ်တာ အလကားဆိုပေမဲ့လည်း မျှော်လင့်ချက်တွေ ပေးလိုက်ရတော့ နာကျင်ရတယ်တဲ့။•
"Lisa ဒါကို Jane ဆီယူသွားပေးလိုက်"
စာရေးစားပွဲခုံမှထပြီး အခန်းအပြင်ထွက်လိုက်တော့ အမေက ဗူးတွေထည့်ထားသည့် ခြင်းတောင်းကိုလှမ်းပေးသည်။
"ဘာတွေလဲ"
"Jane စားချင်တယ်လို့ပြောထားတဲ့ဟင်းတွေနဲ့ အားလူးကိတ်နည်းနည်း"
"သူစားချင်တာကို အမေကဘာလို့လုပ်ပေးတာလဲ သူ့အမေလုပ်ပေးမှာပေါ့"
"Jane အမေကအခုတလောမအားဘူး"
"ဘာလုပ်နေလို့လဲ"
"မသိဘူးလား ဆိုးလ်မှာ ရင်းနှီးမြှုပ်နှံထားတဲ့ ငွေတွေအလိမ်ခံလိုက်ရလို့ဆိုလားပဲ အဲ့တာကြောင့် ဆိုးလ်ကို သွားနေရလို့ အိမ်မှာ Jane တို့သားအဖကို ချက်ကျွေးမဲ့လူမရှိဘူး"
"Jane ရောသိလား"
"သိမှာပေါ့ Jane ကမပြောပြဘူးလား"
အဲ့ဒီညနေက အော်ဟစ်ရန်ဖြစ်ပြီးကတည်းက Jane နဲ့ဆက်ဆံရေးဟာ တစစအေးစက်လာသည်။ ကျောင်းအတူတူသွားချိန်ကလွဲလို့ အချင်းချင်းတွေ့စရာကိစ္စမရှိအောင် နေ
ဖြစ်တာမို့ Jane ရဲ့ကိစ္စအတော်များများကို အမေ့ထံမှ သို့မဟုတ် ကျောင်းကတစွန်းတစ ကြားမှသာ သိရသည်။"သွားလိုက်ဦးမယ်"
ခြင်းတောင်းကို စက်ဘီးခြင်းထဲ ထည့်လိုက်တော့ အမေက အနားရောက်လာပြီး
"အခုချိန်မှာ Jane စိတ်ညစ်နေမှာ အဲ့တာကြောင့် ဘာမှမေးမနေနဲ့ဦး"
"အင်း သိပါတယ်"
စီးနေကျ စကူတာပျက်သွားတဲ့အကြောင်းကို ပြောဖို့ရည်ရွယ်ရင်း စကားစပြတ်သွားတဲ့နေ့ကစလို့ နောက်ဆုံးအတူတူရယ်မောပြီး စကားမပြောဖြစ်တာ ရက်ပေါင်းဘယ်လောက်ကြာနေပြီလဲမသိတော့ဘူး။
YOU ARE READING
A Last Jigsaw
Fanfictionလောကကြီးက puzzle တစ်ခုလို jigsaws အပိုင်းအစတွေကိုအံဝင်ခွင်ကျအောင်ဆက်ရတာမျိုးလား... ဒါဆိုရင်ဘဝမှာ တသက်လုံးကွက်လပ်ဖြစ်နေမဲ့၊အံဝင်ခွင်ကျဆက်မရတဲ့၊အမြဲတမ်းလိုအပ်နေမဲ့နောက်ဆုံးသော jigsaw အပိုင်းအစတစ်ခုဟာ Jane ပါပဲ။