Chapter Seven

2.8K 360 47
                                    

ယောကျာ်းတစ်ယောက်ကြောင့် အသည်းကွဲနေခဲ့တဲ့ မိန်းမတစ်ယောက်ကို နောက်ထပ်မိန်းမတစ်ယောက်ဟာ ဘယ်လိုသတ္တိမျိုးနဲ့ ချစ်ပါတယ်လို့ ဖွင့်ပြောပြီး လွတ်ဟသွားတဲ့ အဲ့ဒီယောကျာ်းနေရာကို ယူနိုင်မှာလဲ။


"မြန်မြန်...မြန်မြန် ငါနောက်ကျနေပြီ"

ဘာကိုမှ မက်မက်မောမောတွယ်တွယ်တာတာမရှိတဲ့ Jane က သူ့ရိုးရာအတိုင်း တခါတလေ ကျောပြင်ကိုလာဖက်ပြီး တြိတ်ငိုနေတက်တာကလွဲရင်၊ ဘာလုပ်လုပ် ပင်ပန်းနွမ်းနယ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရင်ကထက် ပိုအားကိုးလာတာကလွဲ ဒီတစ်နှစ်အတွင်း အဆင်ပြေစွာ ဖြတ်သန်းနိုင်ခဲ့သည်။

စိတ်ပျက်စွာ ရေခဲသေတ္တာတံခါးကိုပိတ်ချလိုက်ပြီး

"နင်အဲ့လောက်အရေးကြီးနေရင် အရင်သွားပါလား  ဘာကိစ္စငါ့ကိုပါ... ကျစ်"

နွားနို့ဘူးကို ဆောင့်ကြီးအောင့်ကြီးဖွင့်ပြီး ဖန်ခွက်ထဲထည့်နေတုန်း Jane က အနားကပ်လာပြီး ကျောပြင်ကို ခပ်ဖွဖွပွတ်သပ်လျက်။

"ဒီနေ့ ပါမောက္ခက မနက်အစောကြီးသင်မှာမို့လို့ ငါလည်း ဒီအတန်းကို တက်ဖို့လိုနေလို့ပါ Lisa ရယ် ဒီတခါပဲ"

"ငါမနေ့က စာတမ်းတွေပြန်စစ်ရတာနဲ့ မအိပ်ရသေးဘူး ငါခေါင်းကိုက်တက်တာ နင်သိတယ်မလား"

နွားနို့ခွက်ကို ယူလိုက်ရင်း Jane ကိုအသနားခံနေမိသည်။

"အင်းသိတယ် ဒါပေမဲ့ ငါရောပဲ မအိပ်ရသေးဘူး"

ပေါင်မုန့်တွေကို ပါးစပ်အပြည့်ဝါးနေသည့် ကြားမှပလုံးပထွေးပြောပြီး လက်ထဲကနွားနို့ခွက်ကို ယူသောက်နေသည့် Jane ကိုအားလုံးနီးပါးထက် ချစ်မြတ်နိုးသည်ဆိုဦးတော့ မနက်စောစောထခိုင်းသည့် ကိစ္စနှင့်ပတ်သက်လာလျှင်တော့ အလွန်အကြူး အမြင်ကတ်မိသည်။

"ရထားမစီးချင်ရင် bus ကားစီးသွားပါလား"

"ဟင့်အင်း bus ကားဂိတ်ကနေ ကျောင်းကိုပြန်လျှောက်ရတာဝေးတယ်"

"ကျစ်"

"မြန်မြန်လုပ်သွားမယ်"

"နင်ပဲမြန်မြန်လုပ် ငါကပြီးပြီ"

A Last JigsawWhere stories live. Discover now