"Kim Jennie ဒီကိုလာကြည့်စမ်း"နွေရာသီပိတ်ရက်မို့ ရေကန်ထဲက ခရုတွေလိုက်ဖမ်းရင်းအချိန်ဖြုန်းလျက်။
"Yah.. Lalisa နင့်ကို Jane လို့ခေါ်ဖို့ ပြောထားတာ ဘယ်နှခါရှိပြီလဲ"
ပြောရင်း ခေါင်းရိုက်ဖို့ရွယ်နေတဲ့လက်ကို ရှောင်လိုက်ရင်း
"နင်လက်မပါပဲ စကားပြောတဲ့ နေ့ကျရင် Jane လို့အမြဲခေါ်မယ်"
Jane ကမျက်နှာကို ရှုံ့မဲ့လိုက်ပြီး ရေထဲမှ ကျောက်တုန်းကြီးပေါ် သွားထိုင်သည်။
"ဘာလုပ်နေတာလဲ ခရုလာဖမ်းပါဆို"
"အာ... ခါးနာလို့သေတော့မယ် မနေ့ကလည်း အဖေနဲ့အတူတူစပါးပင်တွေကို သိမ်းရသေးတယ်"
Jane ထိုင်နေတဲ့ ဘေးနားမှာ ထိုင်ချလိုက်တော့ သူက ပခုံးကိုလာဖက်ပြီး
"L i s a yah..."
"ဘာလဲ"
တစ်ခုခုလိုချင်တိုင်း ဆွဲဆွဲငင်ငင်နဲ့နာမည်ခေါ်ပြီး ပွတ်တီးပွတ်သပ်လုပ်တက်သူမို့ Jane တစ်ခုခုလုပ်ချင်နေမှန်း အတွေ့အကြုံအရသိလိုက်သည်။
"ဘာဖြစ်နေတာလဲ နင်"
ပခုံးပေါ်ကလက်ကိုဆွဲဖယ်လိုက်ပေမဲ့ သူကလက်မခံ။
"ငါတို့တောင်ပေါ်သွားကြည့်ရအောင်"
"ရူးနေလား လူကြီးတွေက မသွားရဘူးလို့ ဒီလောက်မှာထားတာကို"
Jane ကကျောပြင်ကို ခပ်ဖျော့ဖျော့ထုလိုက်ပြီး
"ကျစ်! နင်ကတော့ လူငယ်ဖြစ်ပြီး အသစ်အဆန်းတွေကို ရှာကြည့်မယ်မရှိဘူး"
Jane က အမြဲတမ်း သူများပြောတာ လက်မခံချင်ပဲ သူကိုယ်တိုင်တစ်ခုခုကို ရှာဖွေချင်နေတာ။
"ဟူး...."
သက်ပြင်းချလိုက်တော့ Jane ကမျက်စောင်းတစ်ချက်ထိုးပြီး ရေကန်ထဲပြန်ဆင်း၍ ခရုတွေကောက်နေသည်။
"ဘာလုပ်နေတာလဲ သွားမယ်ဆို ခရုပဲကောက်နေတော့မှာလား"
"တကယ်..!"
Jane မျက်လုံးရဲ့အရောင်တွေက တောက်သွားပြီး ရေတွေတဗွန်းဗွန်းဖြစ်သွားအောင် ထခုန်သည်။
YOU ARE READING
A Last Jigsaw
Fanfictionလောကကြီးက puzzle တစ်ခုလို jigsaws အပိုင်းအစတွေကိုအံဝင်ခွင်ကျအောင်ဆက်ရတာမျိုးလား... ဒါဆိုရင်ဘဝမှာ တသက်လုံးကွက်လပ်ဖြစ်နေမဲ့၊အံဝင်ခွင်ကျဆက်မရတဲ့၊အမြဲတမ်းလိုအပ်နေမဲ့နောက်ဆုံးသော jigsaw အပိုင်းအစတစ်ခုဟာ Jane ပါပဲ။