ကမ္ဘာပေါ်မှာ နောက်ကမ္ဘာတစ်ခုကို ရှာတွေ့ခဲ့တယ်ပြောရင် ဟာသလို့ထင်လား၊ Jane ကိုရှာတွေ့ခဲ့တယ် ပြီးတော့ဟာသတိုင်းဟာ နာကျင်မှုဆင်းသက်လာတယ်ဆိုတာသိခဲ့ရတယ်။
နွေရာသီရဲ့ ပထမဆုံးမိုးစရွာတော့မယ်လို့ ထင်ရတဲ့ ညနေစောင်းမှာ လေတဝူးဝူးတိုက်ပြီး ကောင်းကင်ကြီးဟာ မဲမှောင်နေသည်။
စကူတာအပြာရောင်လေးကို အမိုးအောက်ထဲတွန်းပြီး ခြံတံခါးဝ၌ရပ်ရင်း လေအေးအေးတွေကို မျက်နှာချင်းဆိုင်နေမိသည်။
ဆံပင်တွေက လေထဲတလွင့်လွင့်။
ခေါင်းလျော်ရမှာ ပျင်းတဲ့ကောင်မလေးဟာ အကြောင်းအရင်း တစ်ခုခုကြောင့် ဆံပင်ရှည်ရှည်ထားတက်နေပြီလေ။
"Lisa..."
အသံလာရာကို ကြည့်လိုက်တော့ Jane နဲ့သူ့အမေ။
"ဒေါ်လေး မိုးရွာခါနီးမှ အိမ်လာလည်တာလား အမေအထဲမှာရှိတယ်"
သေချာကြည့်လိုက်တော့မှ Jane လက်ထဲ အဝတ်အိတ်တစ်လုံးကို တွေ့ရသည်။
"အင်း Jane က Lisa ကိုပြောပြလိုက်ဦး"
Jane အမေက နှုတ်ခမ်းတွန့်ရုံသာပြုံးရင်း အိမ်ထဲဝင်သွားပြီး မျက်နှာမကောင်းတဲ့ Jane မျက်နှာနဲ့ အနေအထားကြောင့် ရင်ထဲထိတ်ခနဲ။
"Jane ဘာကိစ္စရှိလို့လဲ"
Jane ကမဖြေပဲ သက်ပြင်းချလိုက်တော့ လေအေးတွေက ရုတ်ချည်းမအေးတော့ပဲ ရင်တွေထဲ ပူလောင်လာသည်။
"Kim Jennie ဘာဖြစ်တာလဲလို့"
"Lisa"
အသံခပ်အုပ်အုပ်ဖြင့် ခေါ်လိုက်ရင်း အဝတ်အိတ်ကို အောက်ချ၍ တင်းနေအောင်လာဖက်သည်။
"Yahhh နင်ဘာဖြစ်နေတာလဲ Jane"
"ငါပြောင်းလာခဲ့တဲ့နေရာကို ပြန်သွားရတော့မယ်"
"ဘာ..."
တကိုယ်လုံးက အကြောတွေက တင်းခနဲဖြစ်ပြီး မျက်တောင်ခတ်ဖို့တောင် မေ့နေမိသည်။
"ငါ့အဖွားနေမကောင်းဖြစ်နေလို့"
"ဒါဆို အပြီးပြောင်းရတော့မှာလား၊ ဟုတ်လား Jane"
YOU ARE READING
A Last Jigsaw
Fanfictionလောကကြီးက puzzle တစ်ခုလို jigsaws အပိုင်းအစတွေကိုအံဝင်ခွင်ကျအောင်ဆက်ရတာမျိုးလား... ဒါဆိုရင်ဘဝမှာ တသက်လုံးကွက်လပ်ဖြစ်နေမဲ့၊အံဝင်ခွင်ကျဆက်မရတဲ့၊အမြဲတမ်းလိုအပ်နေမဲ့နောက်ဆုံးသော jigsaw အပိုင်းအစတစ်ခုဟာ Jane ပါပဲ။