Chapter One

4K 358 15
                                    


စတွေ့တဲ့နေ့က ရုပ်ရှင်ဆန်ဆန် မိုးလည်းရွာမနေခဲ့သလို ထောင့်တနေရာရာမှာလည်း ဝင်မတိုက်မိခဲ့ကြဘူး။ ဒါပေမဲ့ Jane နဲ့ဆုံခဲ့တဲ့ ၁၀နှစ်သမီးအရွယ်ဘဝကစလို့အခုအချိန်အထိပြန်ကြည့်လိုက်ရင်တော့ သက်ပြင်းအကြိမ်ပေါင်းများစွာချရတဲ့ ရုပ်ရှင်တစ်ခုလိုပဲ။

Jane ကတော့ ရုပ်ရှင်ရဲ့ ဘယ်အပိုင်းမှာမဆို သူရဲကောင်းဖြစ်ပြီး ကျွန်မကတော့ ခပ်ညံ့ညံ့ဇာတ်ကောင်ဖြစ်တယ်။

•••

"Wooah! မိုက်လိုက်တာ"

ကျောင်းထဲသစ်ပင်အောက်မှာထိုင်နေတုန်းမေးလာတဲ့ အသံကြောင့် မြေကြီးပေါ်ဆွဲခြစ်နေသည့်တုတ်ကိုပစ်ချ၍ကြည့်မိသည်။

သိပ်မရှည်သေးတဲ့ ဆံပင်တွေကို သပ်ရပ်စွာစည်းနှောင်ထားပြီး ပါးနှစ်ဖက်ဖောင်းကားနေသည့် ကောင်မလေးတစ်ဦးက ဘေးနားသို့လာထိုင်၍

"နင်က ဒီကျောင်းမှာတက်နေတာလား"

မသိတဲ့ ကောင်မလေးတစ်ယောက်က စကားတွေလာပြောနေခြင်းကို ဘာတုံ့ပြန်မှုမှမပေးနိုင်ပဲ ကြောင်အစွာ ငေးနေမိသည်။

"Jane မြန်မြန်လာ..."

ဆရာမတစ်ယောက်နှင့် အန်တီကြီးတစ်ယောက်က သူ့နာမည်ကို ခေါ်လိုက်သည်ထင်ပါရဲ့။ဘေးနားမှာထိုင်နေပြီး မြေကြီးပေါ်က ပုံကိုကြည့်နေရာမှ လှမ်းအော်လိုက်ရင်း မတ်တပ်ထရပ်သည်။

"ဪ... အင်း သွားပြီနော်"

ဘာစကားမျှမပြောလိုက်ရသေးခင်မှာပဲ နှုတ်ဆက်ပြီးပြေးထွက်သွားသော သူ့ကိုခပ်ဝေးဝေးရောက်သည်အထိအသေအချာကြည့်နေမိသည်။

၁၀နှစ်အရွယ် ကလေးတစ်ယောက်ရဲ့ မှတ်ဉာဏ်ကဘာကိုမှ အစွဲအလမ်းမရှိသေးတာမို့ တစွန်းတစကြားလိုက်သည့်
သစ်ပင်အောက်က ကောင်မလေး၏ နာမည်ဟုထင်ရသည့်အသံကိုလည်း မေ့မေ့ပျောက်ပျောက်၊ ဒီဒေသကိုပြောင်းရွေ့လာတဲ့ လူအသစ်တွေမိတ်ဆက်ရင်း လာပေးတဲ့ ဆန်မုန့်ကိုလည်း စားပြီးမေ့မေ့ပျောက်ပျောက်။

စိမ်းနေတဲ့ လယ်ကွင်းပြင်ကျယ်ကြီးတွေက လမ်းကျဉ်းကလေးရဲ့နှစ်ဖက်မှာကာထားပြီး မိုးရွာပြီးစ နေရောင်ထွက်လာတဲ့ တချို့နေ့တွေမှာဆို လယ်ကွင်းကတိုက်ခတ်လာတဲ့ မြက်အနံ့တွေ၊စိုထိုင်းနေတဲ့ မြေကြီးအနံ့ တို့နှင့်အတူ သက်တန့်ကြီးကို ငေးလို့ရတဲ့ဒေသလေး။

A Last JigsawWhere stories live. Discover now