တချို့အမှန်တရားတွေက အဆင်ပြေမှုတချို့ကို ဖျက်ဆီးပစ်နိုင်တယ်၊ Jane ရဲ့အချစ်ဦးဟာ တခြားကောင်လေးတစ်ယောက်ဆိုတဲ့ အမှန်တရားကတော့ တသက်လုံးအဆင်ပြေလာသမျှကို ဖျက်ဆီးလိုက်နိုင်တဲ့အမှန်တရားပဲ။ကြယ် မဖြစ်ချင်တဲ့ Jane ဟာတစ်စုံတစ်ယောက် ကောင်းကင်မှာတော့ ကြယ် ရဲ့ဖြစ်တည်မှုအတိုင်း ငေးကြည့်ရုံသာတက်နိုင်ခဲ့တဲ့ ကြယ်လေးတစ်လုံးဖြစ်ခဲ့တယ်။
စျေးအသင့်တင့်ဖြင့် ငှားထားတဲ့ villa ဟာ အခန်း၂ခန်းပါတာမို့ အခန်းတစ်ခန်းစီနေရသည့်တိုင် Jane ရဲ့ဂရုစိုက်တက်တဲ့ အပြုအမှုတွေကို ရှောင်လွှဲလို့မရခဲ့။
"Lisa မနက်စာစားမယ် ထွက်ခဲ့"
အုံ့မှိုင်းမှိုင်းရာသီဥတုနဲ့ မိုးသံဖြောက်ဖြောက်တွေကြောင့် ဒေသလေးလောက် လွမ်းမောချင်စရာမကောင်းပေမဲ့ ပတ်ဝန်းကျင်ဟာအေးစိမ့်စိမ့်။
အိပ်ချင်မှုးတူးဖြင့်အခန်းထဲကထွက်လာတော့ Jane က တင်ပါးကို လာပုတ်ရင်း
"Lisa လေးနိုးပြီလား"
"Yah.... ငါ့ကိုအဲ့လိုမလုပ်နဲ့လို့ပြောထားတာ ဘယ်နှခါရှိပြီလဲ"
"ဘာလို့လဲ ချစ်စရာကောင်းလို့ကို"
Jane ကမျက်နှာပြောင်ပြရင်း jam ပုလင်းကို အားစိုက်ဖွင့်နေသည်။ Jane လက်ထဲကဖွင့်ရခက်နေတဲ့ Jam ပုလင်းကိုဆွဲယူပြီး ဖွင့်ရင်း
"တောက်... ဒီပုလင်းကဘာကိစ္စ ဖွင့်ရခက်နေတာလဲ"
ဖွင့်ရကြပ်နေတဲ့ ပုလင်းအဖုံးကို အားကုန်လှည့်လိုက်တော့ပွင့်သွားပြီး Jane ကပြန်ဆွဲယူသွားသည်။
"ကျောင်းတက်တာ ဘယ်လောက်မှမကြာသေးဘူး အဲ့လောက်နောက်ကျတဲ့အထိ စာလုပ်မနေနဲ့ မနက်တိုင်း အသေကောင်ကို နှိုးနေရသလိုပဲ"
Jane စကားကို အိပ်မှုန်စုံဖွားဖြင် ခေါင်းညိတ်ပြရင်း နွားနို့ကို ခွက်ထဲလောင်းထည့်နေလိုက်သည်။
"Lisa နင့်ကိုငါတို့မေဂျာက လူတွေအထိ သိကြတယ်သိလား ငါသာနင့်သူငယ်ချင်းဆိုတာသိရင် နင့်နဲ့အောင်သွယ်ခိုင်းကြမှာသေချာတယ်"
YOU ARE READING
A Last Jigsaw
Fanfictionလောကကြီးက puzzle တစ်ခုလို jigsaws အပိုင်းအစတွေကိုအံဝင်ခွင်ကျအောင်ဆက်ရတာမျိုးလား... ဒါဆိုရင်ဘဝမှာ တသက်လုံးကွက်လပ်ဖြစ်နေမဲ့၊အံဝင်ခွင်ကျဆက်မရတဲ့၊အမြဲတမ်းလိုအပ်နေမဲ့နောက်ဆုံးသော jigsaw အပိုင်းအစတစ်ခုဟာ Jane ပါပဲ။